သိန္နီ ဇန်နဝါရီ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု မြေပြင်တစ်အိမ် တက်တစ်အိမ်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့ (Working Group) များမှ အိမ်ထောင်စုစာရင်း မြေပြင်ကွင်းဆင်းကောက်ယူ စစ်ဆေးခြင်းလုပ်ငန်းများကို ဇန်နဝါရီလ ၉ ရက်နေ့ နံနက်ပိုင်း အချိန် က စတင်ကာ ဆောင်ရွက်လျက်ရှိသည်။
သိန္နီမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်နှင့် ကျေးရွာများသို့ ကွင်းဆင်းကောက်ယူသည့် အဖွဲ့များမှ ရပ်ကွက်၊ကျေးရွာ ကောက်ကွက်များအလိုက် အိမ်နေလူဦးရေစစ်ဆေးခြင်း၊ ပြောင်းဝင် ပြောင်းထွက်၊ မွေး၊တိုး၊ သေဆုံး၊ ခရီးလွန်၊ ပြည်တွင်း၊ ပြည်ပ နိုင်ငံသားအမှတ်များ ဖြည့်သွင်းခြင်း၊ အချက်အလက်ကောက်ယူစစ်ဆေးခြင်း၊ မသန်စွမ်းစာရင်းများ ကောက်ယူခြင်းများ ဆောင်ရွက်လျက်ရှိရာ မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ကျော်သူတို့က လုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲမရှိစေရေးအတွက် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ပေးလျက်ရှိသည်။
အဆိုပါ မြေပြင်တစ်အိမ်တက်တစ်အိမ်ဆင်း ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းများကို မြို့ပေါ်ရှိ ရပ်ကွက်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၃၂)အုပ်စုမှ အိမ်ထောင်စု(၁၆၆၈၃)စု၏ စာရင်းကောက်ယူမှုကို ဇန်နဝါရီလ ၉ ရက်မှ ၂၃ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)