တန့်ယန်းမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲကျင်းပ

တန့်ယန်း ဇန်နဝါရီ ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၁၂ ရက် နံနက် ၉ နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ကျောင်းဘင်ခရာတပ်ဖွဲ့မှ ဧည့်ခံတီးခတ်ပြ၍ ကျောင်းသား၊ ကျောင်းသူများက စုံညီပွဲတော်တို့နွဲပျော်သီချင်းကို သီဆို၍ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဖွင့်လှစ်ပေးသည်။

ယင်းနောက် နယ်မြေခံတပ်နယ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးကျော်သူဝင်း၊ တန့်ယန်းခရိုင် ခရိုင်ပညာရေးမှူး ဦးကြည်လွင်တို့က အဖွင့်အမှာစကားပြောကြားကြကာ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာလွင်က ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင်ပွဲ ကျင်းပရခြင်းအကြောင်းကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက တိုင်ရင်းသားရိုးရာအကများ၊ တေးသရုပ်ဖော်အကများ အကပဒေသာများဖြင့် တင်ဆက်ကပြကြကာ ပညာရည်ချွန်ဆု ရရှိကြသူများအား တာဝန်ရှိသူ အသီးသီးတို့က ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)