ဇီးကုန်းမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ဇီးကုန်း ဇန်နဝါရီ ၁၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့က မယင်းအနောက်စုကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မာမာဦးက မူးယစ်ဆေးဝါး၏ဆိုးကျိုးများ၊ ဆေးလိပ်/ ကွမ်းယာများ၏ အန္တရာယ်များကို အသိပညာပေး ဟောပြောခဲ့ပြီး၊ ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် လက်ကမ်းစာ‌စောင်များအား ဖြန့်ဝေပေးခဲ့သည်။ ထို့နောက် ကျောင်းသား ကျောင်းသူများက ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များနှင့် အသိပညာဗဟုသုတရရှိစေမည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း/ ကော်မတီများမှ ထုတ်ဝေသည့် ရုပ်ပြ၊ ကဗျာစာအုပ်များ၊ သုတ/ ရသစာအုပ်များကို လေ့လာဖတ်ရှုစေခဲ့ကြောင်း သိရသည်။

တင့်ဆွေ(ပြန်/ ဆက်)