သတင်းများ

ပေါက်ခေါင်းမြို့၌ သတ်မှတ်ရက်ကျော်လွန်ဆေးများနှင့် တားမြစ်ဆေးများရောင်းချမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်
Jan 13,2023
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့ရှိ ဆေးမျိုးစုံရောင်းချသည့်ဆိုင်များတွင် သတ်မှတ်ရက်ကျော်လွန်ဆေးဝါးများနှင့် တားမြစ်ဆေးဝါးများရောင်းချနေခြင်း ရှိ/မရှိကို ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်းအဖွဲ့များက ယနေ့နံနက်ပိုင်းက လိုက်လံစစ်ဆေးခြင်းနှင့်အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဒေးဒရဲမြို့နယ်၌  ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ
Jan 13,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်အား ယနေ့နံနက်(၉)နာရီက အမှတ်(၁) အခြေခံပညာ အထက် တန်းကျောင်းရှိ ကရဝိက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမွန်မြတ်သူစိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ အခြေခံပညာကျောင်းများက ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများတက်ရောက်ခဲ့သည်။
ငပုတောမြို့၌  လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုလျော့ချနိုင်ရေးအတွက် ထရန်စဖော်မာများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်
Jan 13,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ အသုံးပြုနိုင်ရေး၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးနှင့် တရားမဝင်ဓာတ်အားသုံးစွဲမှု မရှိစေရေးတို့အတွက် ငပုတောမြို့နယ် လျှပ်စစ်ဓါတ်အား ဖြန်းဖြူး​ရေးလုပ်ငန်း မြို့နယ်လျှပ်စစ် ဦးစီးမှူး ဦးစိုးပိုင်နှင့် ဝန်ထမ်းများက  လျှပ်စစ်ဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာများ ပြုပြင်ထိန်းသိမ်းခြင်း၊ မြို့ပေါ်ရပ်ကွက်များတွင် မီတာများ စစ်ဆေးခြင်း၊ လျှပ်စစ်ဓါတ်အားလိုင်းနှင့် နီးစပ်သော သစ်ပင်သစ်ကိုင်းများအား စနစ်တကျ ခုတ်ထွင် ရှင်းလင်းခြင်း လုပ်ငန်းများကို မြေပြင်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေး(Working Group)အဖွဲ့များမှ လူဦးရေစာရင်းများဆက်လက်ကောက်ယူ
Jan 13,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာအုပ်စုများအတွင်းရှိ ကျေးရွာများသို့  ဌာနဆိုင်ရာဝန်ထမ်းများ၊လူမှုရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ဝင်များရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ပူးပေါင်းပါဝင်သည့် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်စာရင်းကောက်ယူရေးအဖွဲ့(Working Group)များက လူဦးရေ စာရင်းနှင့်  မသန်စွမ်းသူများစာရင်းကို တစ်အိမ်တက်ဆင်း ကွင်းဆင်း၍ကောက်ယူနေလျက်ရှိရာ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးမြို့နယ် ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်း၊မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးသိန်းထွန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးတို့က  လှည့်လည်ကြည့်ရှုကြီးကြပ်ပေးခဲ့ကြသည်။
ဇလွန်မြို့နယ်တွင်လူဦးရေစာရင်းမှန်ကန်စေရေးအတွက်မြေပြင်ကွင်းဆင်းလူဦးရေစာရင်း ကောက်ယူခြင်းလုပ်ငန်းများဆောင်ရွက်
Jan 13,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်၌ လူဦးရေစာရင်း မှန်ကန်စေရေးအတွက် အိမ်ထောင်စု စာရင်းနှင့် မြေပြင်ရှိလူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးရန်အတွက် တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်း လူဦးရေစာရင်း ကောက်ယူခြင်းကို ဇန်နဝါရီလ ၉ ရက်နေ့က စတင်ပြီး ဇလွန်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် ကွင်းဆင်းကောက်ယူလျက်ရှိကြောင်း သိရသည်။
ရွှေကျင်မြို့နယ်တွင် ဌာနဆိုင်ရာများပူးပေါင်း၍ အသိပညာပေးဟောပြောပွဲ‌ ဆောင်ရွက်
Jan 13,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ဌာနဆိုင်ရာများ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်(၁၀) နာရီတွင် ကျွဲတဲရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း (ရွှေကျင်) ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်တံခါးမြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Jan 13,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် အခြေခံပညာအလယ်တန်း (ခင်ကြီး)ကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။
မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ထူးချွန်ဆုရ ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Jan 13,2023
ကရင်ပြည်နယ်၊ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊    မြို့နယ်ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို လှိုင်းဘွဲမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း ခန်းမဆောင်တွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။