သတင်းများ

ကြို့ပင်ကောက်မြို့တွင် ကျောင်းသား ကျောင်းသူများ အသိပညာဗသုသုတများ တိုးပွား‌လာစေရန် စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်
Jan 13,2023
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာ‌ရေးဌာနတို့ပူးပေါင်း၍ ကျောင်းသားကျောင်းသူများအသိ ပညာဗသုသုတများတိုးပွား‌လာစေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိလာစေရန်အတွက် ခြံသာယာ(အမက)ကျောင်းသို့ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက်ပိုင်းကပြုလုပ်ခဲ့သည်။
ပိုင်ကျုံမြို့ အမှတ်(၅)ရပ်ကွက်၌ စည်ပင်သာယာရေးအဖွဲ့၏ ဖြည့်စွက်ရန်ပုံငွေဖြင့် မြေသားရေမြောင်း တူးဖော်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Jan 13,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ မြို့အင်္ဂါရပ်နှင့်အညီ  အများပြည်သူများ သွားလာမှု လွယ်ကူစေရေး၊   ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သည့်   လမ်းများ၊ တံတားများ တည်ဆောက်ပေးလျက်ရှိသည့်အပြင် မြို့သာယာလှပ‌ရေးအတွက် Flower Box များနှင့် အုတ်စီရေမြောင်းများ တည်ဆောက်ပေးခဲ့သည်။
မိုင်းဖြတ်မြို့နယ်၊ အထက(ဟိုနား)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆု ချီးမြှင့်ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပ
Jan 13,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (ဟိုနား)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းဝန်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်များ ငှားရမ်းပေး
Jan 13,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ စာပေမှရရှိသည့် ဗဟုသုတများစွာရရှိစေရန်နှင့် စာပေကိုလက်ဝယ်အရောက် ဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က အင်းစိန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့   သွားရောက်ငှားရမ်းပေးသည်။
တောင်တွင်းကြီးမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ
Jan 13,2023
ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတ ကြွယ်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတက်စေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပေးလေးပင်ခန်းမ၌ ကျင်းပခဲ့သည်။
ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲစနစ် ပိုမိုတိုးတက်ကောင်းမွန်စေရေး ထိန်းကျောင်းပေးဆောင်ပုဒ်နှင့်အညီ စစ်ဆေးရေးလုပ်ငန်းများကို စာရင်းစစ်ကျင့်ဝတ်နှင့်အညီ ကြိုးပမ်းဆောင်ရွက်
Jan 13,2023
ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦးသည် တာဝန်ရှိသူများနှင့်အတူ တနင်္သာရီတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးနှင့် ထားဝယ်ခရိုင် မြို့နယ်စာရင်းစစ်ရုံး တာဝန်ခံ အရာထမ်းများနှင့် တွေ့ဆုံ၍ အမှာစကား ပြောကြားသည် ။
တမူးမြို့အမှတ် (၂)အခြေခံပညာအထက်တန်း​ကျောင်းတွင် အသက် (၅)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ရောဂါ ထပ်ဆောင်း ကာကွယ်ဆေးများ ထိုးနှံပေး
Jan 13,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် အသက်(၅)နှစ်အထက် ကိုဗစ်ရောဂါကာကွယ်ဆေး (၂) ကြိမ်ထိုးနှံပြီးသည့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်( ၉) နာရီက  ထိုးနှံပေးခဲ့ကြောင်း သိရသည်။