ဇလွန်မြို့နယ်တွင်လူဦးရေစာရင်းမှန်ကန်စေရေးအတွက်မြေပြင်ကွင်းဆင်းလူဦးရေစာရင်း ကောက်ယူခြင်းလုပ်ငန်းများဆောင်ရွက်

ဇလွန် ဇန်နဝါရီ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်၌ လူဦးရေစာရင်း မှန်ကန်စေရေးအတွက် အိမ်ထောင်စု စာရင်းနှင့် မြေပြင်ရှိလူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးရန်အတွက် တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်း လူဦးရေစာရင်း ကောက်ယူခြင်းကို ဇန်နဝါရီလ ၉ ရက်နေ့က စတင်ပြီး ဇလွန်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် ကွင်းဆင်းကောက်ယူလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကောက်ယူရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးထွန်းထွန်းလင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်လူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရေး ကြီးကြပ်မှု ကော်မတီအဖွဲ့နှင့် တာဝန်ရှိသူများက အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးလုပ်ငန်းအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ကောက်ယူနိုင်ရန်နှင့် စာရင်းအချက်အလက်များ ပြည့်စုံမှန်ကန်စေရန် ကြီးကြပ်ဆောင်ရွက် ပေးလျက်ရှိ​ပြီး ရပ်ကွက်/ကျေးရွာအုပ်စု ရပ်ကျေးစာရေး ဝန်ထမ်း၊ ပညာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ ပါဝင်သော (Working Group) စာရင်း​ကောက်အဖွဲ့ (၁၀၁)ဖွဲ့က သတ်မှတ် နယ်မြေအလိုက် တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူလျက်ရှိကြောင်း သိရသည်။ 

ဝေယံ-ဇလွန်(ပြန်/ဆက်)