ပေါက်ခေါင်းမြို့၌ သတ်မှတ်ရက်ကျော်လွန်ဆေးများနှင့် တားမြစ်ဆေးများရောင်းချမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်

ပေါက်ခေါင်း      ဇန်နဝါရီ       ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့ရှိ ဆေးမျိုးစုံရောင်းချသည့်ဆိုင်များတွင် သတ်မှတ်ရက်ကျော်လွန်ဆေးဝါးများနှင့် တားမြစ်ဆေးဝါးများရောင်းချနေခြင်း ရှိ/မရှိကို ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်းအဖွဲ့များက ယနေ့နံနက်ပိုင်းက လိုက်လံစစ်ဆေးခြင်းနှင့်အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ စစ်ဆေးခြင်းနှင့်အသိပညာပေးလုပ်ငန်းများကို မြို့နယ်အစားအစာနှင့်ဆေးဝါးကြီးကြပ်မှုကော်မတီနှင့် ကျန်းမာရေးဦးစီးဌာနတို့မှဦးဆောင်၍  မြို့နယ်ထွေအုပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်၊ တိုင်းရင်းဆေးနှင့်စားသုံးသူရေးရာဦးစီးဌာနစသည့် ပူးပေါင်းအဖွဲ့များက မြို့ပေါ်ရပ်ကွက်များရှိ ဆေးဝါးမျိုးစုံရောင်းချသည့်ဆေးဆိုင်များတွင် သတ်မှတ်ရက်ကျော်လွန်သည့်ဆေးဝါးများနှင့် တားမြစ်ထားသည့်ဆေးများရောင်းချခြင်းရှိ/မရှိစစ်ဆေးပြီး ရောင်းချသည်ကိုတွေ့ရှိပါက  ဥပဒေများအရ အရေးယူအပြစ်ပေးနိုင်ကြောင်းတို့ကို ဆိုင်ပိုင်ရှင်များအားအသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)