သတင်းများ

မြစ်ကြီးနားမြို့နယ် သမဝါယမအသင်းစု(လီမီတက်)၏ အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ
Jan 13,2023
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် သမဝါယမအသင်းစု(လီမီတက်)၏ ၂၀၁၉ - ၂၀၂၀၊ ၂၀၂၀-၂၀၂၁ နှင့် ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ ကချင်ပြည်နယ်သမဝါယမဦးစီးဌာနရုံးရှိ “ဆွတ်ဂျာအိန်”ခန်းမတွင် ကျင်းပပြုလုပ်ရာ မြစ်ကြီးနားမြို့နယ် သမဝါယမအသင်းစု ဥက္ကဋ္ဌ ဦးကျော်ညွန့်က အဖွင့်ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြားသည်။
ကျောက်တော် - ပလက်ဝ သင်္ဘောခရီးစဉ်အား တစ်ပတ်လျှင်(၂)ကြိမ်ပြေးဆွဲပေးခြင်းကြောင့် အများပြည်သူခရီးသွားလာရေးနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေးအဆင်ပြေ
Jan 13,2023
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်သို့ ရေနယားသင်္ဘောခရီးစဉ်အား အပတ်စဉ် အင်္ဂါနေ့နှင့် သောကြာနေ့များတွင် ပုံမှန်ပြေးဆွဲပေးခြင်းအား ပုံမှန်ပြေးဆွဲပေးလျက်ရှိရာ အများပြည်သူခရီးသွားလာရေးနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေးတို့အတွက် အဆင်ပြေချောမွေ့စွာ စတင်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
ဖားဆောင်းမြို့နယ်၌ စာပေချစ်သူများ စာဖတ်ဝိုင်းကျင်းပ
Jan 13,2023
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၌ စာပေချစ်သူများမှစာရေးဆရာသော်တာဆွေရေးသားသည့် ဤလောကမြေမဟီဝယ်စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center)၌ ပြုလုပ်ခဲ့သည်။
ကလေးခရိုင်လူထုအခြေပြုဗဟိုဌာန၌ “ကျောင်းနှင့်ဘဝဆက်စပ်ပြင် ဆင်ကြ” စာအုပ်ဖြင့်စာဖတ်ဝိုင်းကျင်းပ
Jan 13,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌“ကျောင်းနှင့်ဘဝဆက်စပ်ပြင်ဆင်ကြ”စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယနေ့ နံနက်ပိုင်းက Book Club အဖွဲ့ဝင်များဖြင့် ကျင်းပခဲ့ကြောင်းသိရသည်။ 
ကျောင်းကုန်းမြို့ပြည်သူ့ဆေးရုံသို့ ကျန်းမာရေးအထောက် အကူပြုပစ္စည်းများ ပေးအပ် လှူဒါန်း
Jan 13,2023
စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်း၊ ဒေးဒရဲပိုက်လိုင်းပြုပြင်ထိန်း သိမ်းရေးစခန်းမှ လူမှုစီးပွားအထောက်အကူပြု (CSR)၊ ကျန်းမာရေးကဏ္ဍမှ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကို ဒေါ်သန်းတင်ခန်းမ၌ယနေ့နံနက် ၁၀ နာရီအချိန် ကျင်းပပြုလုပ်ခဲ့သည်။  အခမ်းအနားတွင်မြို့နယ် ပညာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်ကျန်းမာရေး ကော်မတီဥက္ကဋ္ဌ
ကျိုက်မရော၌ အသက် ၅ နှစ်မှ ၁၂ နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများထိုးနှံပေး
Jan 13,2023
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၍ ပညာသင်ကြားနေကြသော အခြေခံပညာကျောင်းများမှ  အသက် ၅ နှစ် မှ ၁၂ နှစ်အထိ  ကျောင်းသား၊ ကျောင်းသူ (၅၂၄)ဦးတို့အား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး(Booster Dose)ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှစတင်ကာ  အ.ထ.က ကျိုက်မရောကျောင်းရှိ ပညာအားမာန်ခန်းမ၌ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိသည်။
မိတ္ထီလာတက္ကသိုလ်၌ စားသုံးသူကာကွယ်ပေးရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ
Jan 13,2023
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ မိတ္ထီလာတက္ကသိုလ်၌ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူ ကာကွယ်ပေးရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က အဆိုပါ တက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမတွင် ကျင်းပကြောင်း သိရသည်။
မူးယစ်ဆေးဝါး ဆိုးကျိုးများနှင့် စားသုံးသူ ကာကွယ်ပေးရေးဆိုင်ရာများအကြောင်း အသိပညာပေး
Jan 13,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများ ရရှိစေရေးအတွက် ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်(၁၀)နာရီက ဖြူးအရှေ့ကျေးရွာ အုပ်စု၊နတ်ရေကန်ကျေးရွာ မူလတန်းလွန်ကျောင်း၌ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဖြူးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။