ရွှေကျင်မြို့နယ်တွင် ဌာနဆိုင်ရာများပူးပေါင်း၍ အသိပညာပေးဟောပြောပွဲ‌ ဆောင်ရွက်

ရွှေကျင် ဇန်နဝါရီ ၁၃

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ဌာနဆိုင်ရာများ ပူးပေါင်း၍  အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်(၁၀) နာရီတွင် ကျွဲတဲရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း (ရွှေကျင်) ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေး ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီး ဦးညီညီအောင်က  အဖွင့်စကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသက်နိုင်စိုးက လူငယ်နှင့်မူးယစ်ဆေးဝါး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့မစခန်းမှူး ဒုရဲမှူးကျော်ဝင်းထွန်းက မူးယစ်ဆေးဝါး သုံးစွဲခြင်း၏ ပြစ်မှုပြစ်ဒဏ်များ အကြောင်းအားလည်းကောင်း၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သဲစုအောင်က မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ ဆေးလိပ်/ကွမ်းယာများ၏ အန္တရာယ်ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြော ဆွေးနွေးကြသည်။

ထို့နောက် ‌ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးနှင့် ပတ်သတ်သည့် လက်ကမ်းစာ‌စောင်များအား ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာကြီး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသက်နိုင်စိုး၊ မြို့မစခန်းမှူး ဒုရဲမှူးကျော်ဝင်းထွန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ(၁၀၀)ဦးခန့်တက်ရောက် ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)