အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေး(Working Group)အဖွဲ့များမှ လူဦးရေစာရင်းများဆက်လက်ကောက်ယူ

လှိုင်းဘွဲ ဇန်နဝါရီ ၁၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာအုပ်စုများအတွင်းရှိ ကျေးရွာများသို့  ဌာနဆိုင်ရာဝန်ထမ်းများ၊လူမှုရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ဝင်များရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ပူးပေါင်းပါဝင်သည့် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်စာရင်းကောက်ယူရေးအဖွဲ့(Working Group)များက လူဦးရေ စာရင်းနှင့်  မသန်စွမ်းသူများစာရင်းကို တစ်အိမ်တက်ဆင်း ကွင်းဆင်း၍ကောက်ယူနေလျက်ရှိရာ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးမြို့နယ် ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်း၊မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးသိန်းထွန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးတို့က  လှည့်လည်ကြည့်ရှုကြီးကြပ်ပေးခဲ့ကြသည်။

လှိုင်းဘွဲမြို့နယ်အတွင်း၌ ဇန်နဝါရီလ ၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာအုပ်စု စုစုပေါင်း(၈၅)အုပ်စုတို့တွင် မြေပြင်လူဦးရေစာရင်း မှန်ကန်မှုရှိစေရန် အမှန်တကယ်ရှိ လူဦးရေ၊ ပြောင်းဝင်၊ ပြောင်းထွက်၊ မွေးတိုး၊ ရက်ရှည်ခရီးလွန်၊ သာသနာ့ဘောင် ဝင်၊ပြည်ပထွက်ခွာ၊ သေဆုံး၊ထောင်ကျစာရင်းများနှင့် မသန်စွမ်းသူစာရင်းများကို မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးအဖွဲ့တို့က တစ်အိမ်တက်ဆင်း ကောက်ယူနေလျက်ရှိကြကြောင်းသိရသည်။

လင်းသန့်(ပြန်/ဆက်)