သတင်းများ

တံတားဦးမြို့နယ်တွင် မြို့နယ်ပြည်သူ့စာကြည့်တိုက်(Community Centre)ခန်းမ၌မူးယစ်ဆေးဝါးအန္တရာယ် အကြောင်း အသိပညာပေးဟောပြောပွဲကျင်းပပြီး ကဗျာရွတ်ဆိုပွဲကျင်းပ
Jan 13,2023
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ်အခြေခံပညာတို့ပူးပေါင်းပြီး ယနေ့မွန်းလွဲ(၁)နာရီကမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲနှင့်ကဗျာရွတ်ဆိုပွဲကျင်းပကြောင်း သိရသည်။
ချောင်းသာမြို့၌ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Booster) ထိုးနှံ
Jan 13,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ချောင်းသာမြို့တွင် ကျောင်းသားလူငယ်များအား ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင်စေရန်အတွက် ကိုဗစ်ကာကွယ်ဆေး (Booster) ကို အ-မ-က(၈) ကျောင်းတွင်  ယနေ့နံနက် ၉ နာရီခွဲအချိန်က စတင်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရေး ဆက်လက်ဆောင်ရွက်
Jan 13,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် အိမ်ထောင်စု လူဦးရေစာရင်းမြေပြင်ကွင်းဆင်းကောက်ယူရေးလုပ်ငန်းကို ယနေ့ နံနက် ၉ နာရီမှ စတင်၍ တပ်ရင်း တပ်ဖွဲ့များ၊ မြို့မရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတို့တွင် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ဟိုပန်​မြို့နယ်ရှိ စာသင်ကျောင်းများ၌ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်
Jan 13,2023
"ဝ"ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူများအား စာအုပ်စာပေများနှင့် ရင်းနှီးကျွမ်းဝင်၍ ပြင်ပဗဟုသုတများ ရရှိနိုင်စေရန်အတွက် ဟိုပန်မြို့နယ်အတွင်းရှိ စာသင်ကျောင်းများအား သုတ/ရသ စာအုပ်စာပေများကို အခမဲ့ လှည့်လည် ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်(၁၁)နာရီက ကောင်းကော်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းသို့ သွားရောက်၍ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
မြိတ်ခရိုင်အတွင်း အခြေခံစားကုန်များကို ပြည်သူများ ဈေးနှုန်းသင့်တင့်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေး ညှိနှိုင်းဆွေနွေး
Jan 13,2023
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်း ပြည်သူများ နေ့စဉ်စားသုံးလျက်ရှိကြသည့် အခြေခံစားကုန်များနှင့် အသား/ငါးများကို ဈေးနှုန်းသင့်တင့်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက မြိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျွန်းရတနာခန်းမတွင် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စားသောက်ကုန်အသင်းများနှင့် လုပ်ငန်းရှင်များ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ဘားအံမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းပေး
Jan 13,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာဖတ်ရှိန် မြင့်မားပြီး စာအုပ်စာစောင်များကို အလွယ်တကူ ငှားရမ်းဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် (Mobile Library) မော်တော်ယာဉ်ဖြင့် ဘားအံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ သင်တန်းကျောင်းများ၊ အခြေခံပညာကျောင်းများအရောက် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းဝန်ဆောင်မှုပေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှည်းကူးမြို့နယ်တွင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်
Jan 13,2023
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ဒေသနေပြည်သူများစာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့်စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏အကျိုးကျေးဇူးများအကြောင်းသိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာရေးဆချစ်နိုင်(စိတ်ပညာ)၏ လူငယ်အညွှန့်အဖူးလေးများအတွက်စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ကြောင်း သိရသည်။
မော်လမြိုင်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့်ဆုပေးပွဲ အခမ်းအနားကျင်းပ
Jan 13,2023
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၃ရက် နံနက်ပိုင်းက မော်လမြိုင်မြို့ အ.ထ.က(၆) ကျောင်း ရတနာမွန် ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။