သတင်းများ

ထားဝယ်မြို့တွင် အခမ်းအနားမှူး သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
Jan 13,2023
တနင်္သာရီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှကြီးမှူး၍ ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ အရာထမ်း/အမှုထမ်းများအား အခမ်းအနားမှူးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
၂၀၂‌၂-၂၀၂၃ ပညာသင်နှစ် အထက(သနပ်ပင်)ကျောင်း၌ ပညာရေးစုံညီပွဲတော်ကျင်းပ
Jan 13,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်း‌ကျောင်း(သနပ်ပင်)တွင် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ဇီဇဝါခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
ရေခဲသတ္တာ ပလပ်ခုံအပူလွန်ကဲရာမှ လူနေအိမ် (၃) လုံး မီးလောင်မှုဖြစ်ပွား
Jan 13,2023
ချင်းပြည်နယ် ၊ ဟားခါးမြို့ ၊ စျေးသစ်ရပ်ကွက်တွင် ဇန်နဝါရီလ ၁၀ ရက် နံနက် ၁ နာရီ ၂၀ မိနစ်ခန့်က ရေခဲသတ္တာပလပ်ခုံအပူလွန်ကဲရာမှ လူနေအိမ် (၃) လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နံရံကပ်စာစောင်နှင့် ဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်
Jan 13,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးမှူးဒေါ်ရီရီလွင်နှင့် ဝန်ထမ်းများသည် ယနေ့နံနက် (၁၀)နာရီက ရွှေသောင်ယံမြို့ အမှတ်(၃)ရပ်ကွက်ရှိ အမှတ်(၁၉၀) အုန်းတောကြီးကျောင်းသို့ နယ်လှည့်ကွင်းဆင်း၍ ဟောပြောပွဲ ပြုလုပ်ပြီး နံရံကပ်စာစောင်များကို ပြသပေးခဲ့ကြသည်။
အုတ်တွင်းမြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Jan 13,2023
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။
နည်းပညာတက္ကသိုလ်(တောင်ငူ)၌  ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ
Jan 13,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ နည်းပညာတက္ကသိုလ်(တောင်ငူ)၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက နည်းပညာတက္ကသိုလ်(တောင်ငူ) ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပသည်။
မိုင်းရယ်မြို့၌ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်ကျင်းပ
Jan 13,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း၊ ရတနာခန်းမ၌ ကျင်းပသည်။ 
တံတားဦးမြို့နယ်တွင် မြို့နယ်အဆင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပ
Jan 13,2023
တံတားဦးခရိုင် တံတားဦးမြို့နယ် မြို့နယ်အဆင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် (၁၀)နာရီအချိန်က တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း ရတနာထွန်းခန်းမ၌ကျင်းပကြောင်း သိရသည်။