ငပုတောမြို့၌  လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုလျော့ချနိုင်ရေးအတွက် ထရန်စဖော်မာများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်

ငပုတော ဇန်နဝါရီ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ အသုံးပြုနိုင်ရေး၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးနှင့် တရားမဝင်ဓာတ်အားသုံးစွဲမှု မရှိစေရေးတို့အတွက် ငပုတောမြို့နယ် လျှပ်စစ်ဓါတ်အား ဖြန်းဖြူး​ရေးလုပ်ငန်း မြို့နယ်လျှပ်စစ် ဦးစီးမှူး ဦးစိုးပိုင်နှင့် ဝန်ထမ်းများက  လျှပ်စစ်ဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာများ ပြုပြင်ထိန်းသိမ်းခြင်း၊ မြို့ပေါ်ရပ်ကွက်များတွင် မီတာများ စစ်ဆေးခြင်း၊ လျှပ်စစ်ဓါတ်အားလိုင်းနှင့် နီးစပ်သော သစ်ပင်သစ်ကိုင်းများအား စနစ်တကျ ခုတ်ထွင် ရှင်းလင်းခြင်း လုပ်ငန်းများကို မြေပြင်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ငပုတောမြို့ပေါ်ရှိ  (၁၁)ကေဗွီ (၄၀၀)ဗို့ ထရန်စဖော်မာများ၊ (၁၁)ကေဗွီ ဓာတ်အားလိုင်းများနှင့် (၄၀၀)ဗို့ ဓာတ်အားလိုင်းများ ကြံ့ခိုင်မှုအ​ခြေအ​နေအားစစ်ဆေးခဲ့သည်။ ထို့​နောက် လိပ်ချောင်းကျေးရွာအုပ်စု ဒယ်ကုန်းကျေးရွာ၌ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်လျှပ်စစ်ဓါတ်အား ဖြန့်ဖြူး​ရေးလုပ်ငန်းရုံး မြို့နယ်လျှပ်စစ်ဦးစီးမှူးထံမှ သိရှိရသည်။

အောင်သူ (ငပုတော)