၂၀၂‌၂-၂၀၂၃ ပညာသင်နှစ် အထက(သနပ်ပင်)ကျောင်း၌ ပညာရေးစုံညီပွဲတော်ကျင်းပ

သနပ်ပင်   ဇန်နဝါရီ  

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်း‌ကျောင်း(သနပ်ပင်)တွင် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ဇီဇဝါခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို အခြေခံပညာအထက်တန်း‌ကျောင်း(သနပ်ပင်)မှ ကျောင်းသား၊ ကျောင်းသူလေးများက စုံညီပွဲတော်တို့နွဲပျော် သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးပြီး သနပ်ပင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)မှ အဖွင့်အမှားစကားပြောကြားပြီး  မြို့နယ်ရေးမှူးဦးကျော်မြင့်က ပညာရေးဆိုင်ရာအချက်အလက်များနှင့် စုံညီပွဲ‌တာ်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် သနပ်ပင်မြို့နယ် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၏ ဉာဏ၊ ကာယပြိုင်ပွဲများတွင် ဆုရရှိကြသည့် ဉာဏစွမ်းရည်ဆုများ၊ ကာယစွမ်းရည်ဆုများကို  မြို့နယ်စီမံအုပ်ချုပ်‌အဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးအောင်မိုးလွင်၊ အဖွဲ့ဝင်(၂)ဦးသိန်းမြင့်အေး၊ မြို့နယ်ပညာရေးမှူးဦးကျော်မြင့်နှင့် ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများက ကျောင်းသား၊ ကျောင်းသူများနှင့် မြို့နယ်အဆင့်ထူးချွန်ဆရာ၊ ဆရာများအား ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကာ ကျောင်းသားကျောင်းသူများက  ကရင်ဒုံးယိမ်းအကအလှများဖြင့် ဖျော်ဖြေပေးခဲ့ကြကြောင်း သိရသည်။

လှမိုး(ပြန်/ဆက်)