အုတ်တွင်းမြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

အုတ်တွင်း ဇန်နဝါရီ ၁၃

ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်းက ကျောင်းသား၊ ကျောင်းသူလူငယ်များအား မူးယစ်စေသောပစ္စည်းများ၊ မူးယစ်ဆေးဆိုသည်မှာ၊ လူငယ်များ မူးယစ်ထုံထိုင်းဘေးဖြစ်စေတတ်သော၊ ဆေးဝါးများ စွဲစေသော အကြောင်းရင်းများ၊ အရက်နှင့် မူးယစ်ဆေး၊ မူးယစ်ဆေးအစ ဆေးလိပ်ကဆိုသည့် စကား၊ ကွမ်းစားခြင်းကြောင့် ဖြစ်ပွားနိုင်သော ရောဂါများ၊ ဘိန်းဖြူရှူခြင်း အန္တရာယ်၊ စိတ်ကြွမူးယစ်ဆေးများသုံးစွဲခြင်း၊ မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်း/ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုး များစသည့် မူးယစ်စေသောပစ္စည်းများနှင့် ရှောင်ရန်အချက်များကို အသိပညာပေး ဟောပြောခဲ့ပြီး မူးယစ်ဆေးဝါးအကြောင်းသိကောင်းစရာ နံရံကပ်စာစောင်များပြသခဲ့သည်။

အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ဆိုးကျိုးများကို သိရှိရှောင်ကြဉ်နိုင်စေရန်ရည်ရွယ်၍ ကျောင်းသားကျောင်းသူ လူငယ်များအား အဆိုပါ‌ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို‌ ပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်အနေဖြင့် ဇွန်လ ၂၆ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ပြီး မူးယစ်ဆေးဝါးထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အေမင်းရည်စော(ပြန်/ဆက်)