ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နံရံကပ်စာစောင်နှင့် ဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်

ရွှေသောင်ယံ ဇန်နဝါရီ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးမှူးဒေါ်ရီရီလွင်နှင့် ဝန်ထမ်းများသည် ယနေ့နံနက် (၁၀)နာရီက ရွှေသောင်ယံမြို့ အမှတ်(၃)ရပ်ကွက်ရှိ အမှတ်(၁၉၀) အုန်းတောကြီးကျောင်းသို့ နယ်လှည့်ကွင်းဆင်း၍ ဟောပြောပွဲ ပြုလုပ်ပြီး နံရံကပ်စာစောင်များကို ပြသပေးခဲ့ကြသည်။

အဆိုပါ အုန်းတောကြီးကျောင်းတွင် မူလတန်းကျောင်းသား၊ ကျောင်းသူ (၃၀)ကျော် စာသင်ကြားလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားရာ၌ ရည်ရွယ်ချက် မြင့်မြင့်မားမားဖြင့် ပညာသင်ကြားတတ်စေရန် ကျောင်းသင်ခန်းစာနှင့် ဗဟုသုတရရှိ‌စေမည့် စာပေများကို ဖတ်မှတ်တတ်‌စေရန် ဟောပြောပေးခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများ ဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ ဗီနိုင်းပိုစတာများဖြင့် နံရံကပ်စာစောင် ပြသကာ ကျောင်းသား၊ ကျောင်းသူများ လေ့လာကြည့်ရှုခြင်းဖြင့် အသိအလိမ္မာ တိုးပွားစေရန် ရည်ရွယ်ကြောင်း သိရသည်။

ရွှေသောင်ယံ(ပြန်/ဆက်)