ရေခဲသတ္တာ ပလပ်ခုံအပူလွန်ကဲရာမှ လူနေအိမ် (၃) လုံး မီးလောင်မှုဖြစ်ပွား

ဟားခါး         ဇန်နဝါရီ        ၁၃

ချင်းပြည်နယ် ၊ ဟားခါးမြို့ ၊ စျေးသစ်ရပ်ကွက်တွင် ဇန်နဝါရီလ ၁၀ ရက် နံနက် ၁ နာရီ ၂၀ မိနစ်ခန့်က ရေခဲသတ္တာပလပ်ခုံအပူလွန်ကဲရာမှ လူနေအိမ် (၃) လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် ဟားခါးမြို့၊ စျေးသစ်ရပ်ကွက်ရှိ ဦးဒါန်မန်းနေအိမ်မှ ရေခဲသတ္တာ ပလပ်ခုံ အပူလွန်ကဲရာမှ ဇန်နဝါရီလ ၁၀ ရက် နံနက် ၁ နာရီ ၂၀ မိနစ်ခန့်က မီးလောင်မှု စတင်ဖြစ်ပွားခဲ့ပြီး ၎င်းနေအိမ်မှတစ်ဆင့် ဦးဇမ်းဘိခ့်နှင့် ဦးမန်ဟရိန်းတို့၏ အိမ်များကို ကူးစက် သွားကြောင်း၊ အဆိုပါမီးလောင်မှု သတင်းရရှိသည်နှင့် တစ်ပြိုင်နက် ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးသန်းထွေးဦးစီးသည့် သန္ဓေတပ်ဖွဲ့ဝင်များ၊ တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ် (၂) စီး နှင့် ရေသယ်ယာဉ် (၁) စီးတို့ဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီ ၁၉ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုကြောင့်  အလျား ၂၀ ပေ ၊ အနံ ၁၂ ပေအကျယ်ရှိ သွပ်မိုး ၊ သွပ်ကာ ၊ ပျဉ်ခင်း ( ၂ ) ထပ် ( ၁ ) လုံး ၊ အလျား ၂၀ ပေ ၊ အနံ ၁၆ ပေအကျယ်ရှိ သွပ်မိုး ၊ သွပ်ကာ ၊ ပျဉ်ခင်း ( ၂ ) ထပ် (၁) လုံးနှင့် အလျား ၂၀ ပေ ၊ အနံ ၁၈ ပေအကျယ်ရှိ သွပ်မိုး ၊ သွပ်ကာ ၊ ပျဉ်ခင်း ( ၂ ) ထပ် ( ၁ ) လုံး တို့ မီးလောင်ဆုံးရှုံးခဲ့ပြီး မီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်သေဆုံးမှု မရှိကြောင်းနှင့် မီးလောင်ဆုံးရှုံးခဲ့သည့် နေအိမ်များမှ ကျား (၇) ဦးနှင့် မ ( ၄ ) ဦး ၊ စုစုပေါင်း ( ၁၁ ) ဦးတို့အား တာဝန်ရှိသူများက နီးစပ်ရာဆွေမျိူးများထံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဟားခါးခရိုင်မီးသတ် ဦးစီးဌာနမှ သိရသည်။

ခရိုင် (ပြန် / ဆက်)