သတင်းများ

လဲချားမြို့နယ်တွင် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့်ဆုပေးပွဲ အခမ်းအနားကျင်းပ
Jan 14,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာရေးစုံညီပွဲတော်နှင့်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အ-ထ-က(လဲချား)ကျောင်းတွင် ကျင်းပခဲ့​ပါသည်။
ကာလိမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းနှင့် စာအုပ်ပြပွဲပြုလုပ်
Jan 14,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက်(၉)နာရီ အချိန်တွင် စာရေးဆရာ ချမ်းဝဏ္ဏစိုးဝင်း(တိုက်ကြီး) ရေးသားထားသော "တာဝန်ကိုယ်စီရှိကြသည်" စာအုပ်ဖြင့် စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲကို ကျင်းပခဲ့ကြောင်းသိရသည်။
ကျိုင်းတုံမြို့နယ်၊ အထက လွိုင်မွေ၌ ဘက်စုံထူးချွန်ဆုပေးပွဲ ကျင်းပ
Jan 14,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ အထက လွိုင်မွေကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘက်စုံထူးချွန်ဆုပေးပွဲကို ဇန်နဝါရီ ၁၂ ရက်က အဆိုပါ ကျောင်းခန်းမတွင် ကျင်းပသည်။
ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာပေဝါသနာရှင်များက စာဖတ်ဝိုင်းပြုလုပ်
Jan 14,2023
စာအုပ်စာပေများဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့်အတွေးအမြင် ဗဟုသုတများကို စာဖတ်သူ အချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် နေပြည်တော် စာရေးဆရာများ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များက ကလောင်စုံ ရေးသားထားသည့် "ကိုယ်တိုင်တည်ဆောက်သူများ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။
သီပေါမြို့ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း၏ (၄၆)ကြိမ်မြောက် ကာယစွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက်
Jan 14,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း၏ (၄၆)ကြိမ်မြောက်  ကာယ စွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့နံနက် ၉နာရီခွဲအချိန်က မြို့နယ် အားကစားကွင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းများ တိကျမှန်ကန်စေ‌ရေး တစ်အိမ်တက်ဆင်း အိမ်ထောင်စုလူဦးရေ တိုက်ဆိုင်စစ်ဆေးစာရင်းကောက်ယူရေး(Working Group)လုပ်ငန်း ဆက်လက်ဆောင်ရွက်
Jan 14,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် မြေပြင်ရှိ လူဦးရေစာရင်းများ တိကျမှန်ကန်စေရေး တစ်အိမ်တက်ဆင်း အိမ်ထောင်စုလူဦးရေ တိုက်ဆိုင်စစ်ဆေး စာရင်းကောက်ယူရေး(Working Group)လုပ်ငန်းကို ဇန်နဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းမှစတင်၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် တစ်အိမ်တက်ဆင်း လိုက်လံစာရင်းကောက်ယူ ခြင်းကို တစ်ပြိုင်နက်တည်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် ကောက်ကွက်များအလိုက် စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်း ကောက်ယူရေးလုင်ငန်းများ ဆောင်ရွက်
Jan 14,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းများ မှန်ကန်စေရေး တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းကောက်ယူရေးလုပ်ငန်းကို ဇန်နဝါရီ ၁၂ ရက်က မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်းသိသည်။
သရက်မြို့နယ် ရွှေနီအောင်သိန်းဖောင်ဒေရှင်း၏ အခြေခံပညာမူလတန်းကျောင်း G-5ကျောင်းသား၊ ကျောင်းသူများ ထူးချွန်ပြိုင်ပွဲ ကျင်းပ
Jan 14,2023
မကွေးတိုင်း သရက်မြို့နယ် ရွှေနီအောင်သိန်း ဖောင်ဒေးရှင်း၏ ၂၀၂၂၀၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာမူလတန်း G-5 ဘာသာရပ် ထူးချွန်းပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီက အခြေခံ ပညာမူလတန်းကျောင်း ရုံးရပ်၌ ကျင်းပခဲ့ပြီး ပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ ရွှေနီအောင်သိန်း အထောက်ပံ့ခံကျောင်းများမှ G-5  ကျောင်းသား/ကျောင်းသူ(၃၁)ဦးက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။