ကာလိမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းနှင့် စာအုပ်ပြပွဲပြုလုပ်

ကာလိ  ဇန်နဝါရီ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက်(၉)နာရီ အချိန်တွင် စာရေးဆရာ ချမ်းဝဏ္ဏစိုးဝင်း(တိုက်ကြီး) ရေးသားထားသော "တာဝန်ကိုယ်စီရှိကြသည်" စာအုပ်ဖြင့် စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲကို ကျင်းပခဲ့ကြောင်းသိရသည်။

ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ထင်ထင်ကျော်က ကျောင်းသား/ ကျောင်းသူ လူငယ်လူရွယ်များ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတများတိုးပွားစေရန်နှင့် တစ်ဦးနှင့်တစ်ဦးအသိပညာများဖလှယ်တက်စေရန် ရည်ရွယ် ၍ စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းပြောကြားပြီး စာရေးဆရာ ချမ်းဝဏ္ဏစိုးဝင်း(တိုက်ကြီး) ရေးသားထားသော "တာဝန်ကိုယ်စီရှိကြသည်" စာအုပ်မှ "လက်ခုပ်သံ" ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့သည်။

ထို့နောက် BooK Club အဖွဲ့ဝင် ဦးစိုင်းငွေလေးက "အလုပ်၏တန်ဖိုး" ခေါင်းစဉ်ဖြင့်လည်ကောင်း၊ အခြေခံပညာဦးစီးဌာန အ.မ.က(မိုင်းယိုင်း)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မီမီကိုလင်း မှ "မခံချင်စိတ် " ခေါင်းစဉ်ဖြင့်လည်ကောင်း၊ မဆုစံနန်းသူက "ရိုးသားမှုဂုဏ်" ခေါင်းစဉ်ဖြင့်လည်ကောင်း၊ မောင်စိုင်းဆိုင် လျန်းက "အသန့်ရှင်းဆုံးဆု" ခေါင်းစဉ်ဖြင့်လည်ကောင်း၊ မနန်းရှန်အွမ်က "လက်ရေးလှပြိုင်ပွဲ" ခေါင်းစဉ်ဖြင့်လည်ကောင်း၊ မမန်းခမ်းဟွမ်က "ပေါင်းစုညီညာ" ခေါင်းစဉ်ဖြင့်လည်ကောင်း၊ မမန်းမိုဆိုင်က "ဖတ်မှတ်စွမ်းရည်ဆု" ခေါင်းစဉ်ဖြင့်လည်ကောင်း၊ မနန်းဆိုင်ဟွမ်က "လိမ္မာယဉ်ကျေးသောကလေး" ခေါင်းစဉ်ဖြင့်လည်ကောင်း အသီးသီးပြန်လည်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။ အဆိုပါ ဆွေးနွေးပွဲတွင် ကျောင်းသား/ ကျောင်းသူများ စုစုပေါင်း အင်အား (၂၅)ဦးခန့် တက်ရောက်ခဲ့ပါသည်။

ထို့နောက် သုတ/ ရသ စာအုပ်များခင်းကျင်းပြသခဲ့ပြီး ကျောင်းသား/ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ဖတ်ရှု့ခဲ့ကြကြောင်း သိရသည်။

ထင်ထင် (ပြန်/ ဆက်)