အင်္ဂပူမြို့နယ်ဇောင်းတန်း (အ-ထ-က) ကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ
Jan 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၌ အနာဂတ် လူငယ်လူရွယ်များသည် တိုင်းပြည်၏ တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် သူများဖြစ်ရာ အသိဉာဏ်ပညာ ဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နေ့လည်ပိုင်းကတွင် အ -ထ -က ဇောင်းတန်း အင်ကြင်းဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။