သတင်းများ

တနင်္သာရီမြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား (၁၈)နှစ်အောက်၊ ကျောင်းပေါင်းစုံအမျိုးသမီး ဂိုးလတ်ပြိုင်ပွဲကျင်းပ
Jan 15,2023
 (၇၆)နှစ်မြောက်၊ ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် အားကစားကဏ္ဍဖွံ့ဖြိုးမှု အစီအစဉ်(TSDP)အရ မြို့နယ် အားကစားနှင့်ကာယပညာကော် မတီဥက္ကဋ္ဌဖလား (၁၈)နှစ်အောက်၊ အခြေခံပညာကျောင်း ပေါင်းစုံအမျိုးသမီးဂိုးလတ်ဘောလုံးပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်မှစ၍ မြို့မအားကစားကွင်းအတွင်း အထက-တနင်္သာရီ(ခ)အသင်းနှင့် အထက(ခွဲ) ချောင်းလမုရွာ အမျိုးသမီးအသင်းတို့ စတင်ယှဉ်ပြိုင်ကစားခဲ့ကြရာ အထက(ခွဲ)ချောင်းလမု အသင်းက (၃ဂိုး- ၀)ဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
တနင်္သာရီမြို့ ချောင်းငယ်ရပ်ကွက်အတွင်း (Warking Group) မြေပြင်လူဦးရေစာရင်း ကွင်းဆင်းကောက်ယူခြင်းဆောင်ရွက်
Jan 15,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း (Warking Group) မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးလုပ်ငန်းများ တစ်အိမ်တက် တစ်အိမ်ဆင်းစနစ်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ချောင်းငယ်ရပ်ကွက်အတွင်းရှိ မြသီတာလမ်း၊ တပ်ဦးအဝင်လမ်း၊ ဝင်္ကဘာဘုရားလမ်းတို့ရှိ မြေပြင်ရှိလူဦးရေစာရင်းများ မှန်ကန်စေရေးအတွက် ကွင်းဆင်းကောက်ယူ၍ စာရင်းပြုစုလျက်ကြောင်း သိရသည်။
ကျောက်မဲမြို့တွင် ရေမြောင်း၊ ပလက်ဖောင်းနှင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး
Jan 15,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် ယမန်နေ့နံနက် ၁၀ နာရီက ရေမြောင်း၊ ပလက်ဖောင်းနှင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မိုးကောင်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကဗျာရွတ်၊ ပုံပြင်ပြောနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ
Jan 15,2023
ကလေးငယ်များ ကာယ၊ ဉာဏစွမ်းရည် ပြည့်ဝစေရန်ရည်ရွယ်၍ ကဗျာရွတ်၊ ပုံပြင်ပြောနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို မိုးကောင်းမြို့ Community Centre ခန်းမ၌ ယနေ့ နံနက်(၁၀) နာရီတွင် ကျင်းပခဲ့သည်။
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်ဝင်း နေပြည်တော်တိုင်းအဆင့် ပညာရေးစုံညီပွဲတော်သို့တက်ရောက်အမှာစကားပြော
Jan 15,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် နေပြည်တော်တိုင်းအဆင့် ပညာရေးစုံညီပွဲတော်ကို အနော်ရထာရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အားကစားခန်းမ၌ ယနေ့နံနက်ပိုင်းကကျင်းပခဲ့ရာ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်ဝင်းတက်ရောက်အမှာစကားပြောကြားခဲ့သည်။
မော်လမြိုင်ကျွန်းမြို့နယ်၊ A (၉)လမ်း အခြေခံပညာမူလတန်းကျောင်း၏ ၂၀၂၂/၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ
Jan 15,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်အခြေခံပညာဦးစီးဌာန၊ A(၉) လမ်း အခြေခံပညာ မူလတန်းကျောင်း၏ ၂၀၂၂/၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားအား ယနေ့ နံနက် ၉ နာရီ အချိန်က အေ (၉)လမ်း အခြေခံပညာမူလတန်းကျောင်းရှေ့မျက်နှာစာ၌ ကျင်းပသည်။
ဖား​ဆောင်းမြို့နယ်၌ ဆီထွက်သီးနှံ ​ဆောင်း​​နေကြာ(​ရေဆင်း-၁)စံပြစိုက်ခင်းများ ​အောင်မြင် ဖြစ်ထွန်း​နေမှုအား ကွင်းဆင်းကြည့်ရှု
Jan 15,2023
ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်အတွင်း ဆီထွက်သီးနှံ ​ဆောင်းနေကြာ(​ရေဆင်း-၁)စိုက်ပျိုးထားရှိမှုနှင့်​အောင်မြင်ဖြစ်ထွန်း​နေမှုအား မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးသက်မြင့်ဦးနှင့်အဖွဲ့ဝင်များကယမန်​နေ့က ပါပုကျေးရွာ​နေ ​တောင်သူ ဦးပြည့်စုံ၏ ယာ​မြေ​နေရာ၌ စိုက်ပျိုးထား​သော ​ဆောင်းနေကြာ(​ရေဆင်း-၁) စံပြ စိုက်ခင်း ၃ ဧက ​နေရာသို့ ကွင်းဆင်းကြည့်ရှုခဲ့​ကြောင်း သိရသည်။
နောင်ချိုမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ပြုလုပ်ဆောင်ရွက်
Jan 15,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ အချိန် အဆိုပါကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။