နောင်ချို ဇန်နဝါရီ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် မြေပြင်ရှိ လူဦးရေစာရင်းများ တိကျမှန်ကန်စေရေး တစ်အိမ်တက်ဆင်း အိမ်ထောင်စုလူဦးရေ တိုက်ဆိုင်စစ်ဆေး စာရင်းကောက်ယူရေး(Working Group)လုပ်ငန်းကို ဇန်နဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းမှစတင်၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် တစ်အိမ်တက်ဆင်း လိုက်လံစာရင်းကောက်ယူ ခြင်းကို တစ်ပြိုင်နက်တည်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် ကောက်ကွက်များအလိုက် စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အိမ်ထောင်စု လူဦးရေစာရင်းနှင့် မြေပြင်ရှိ လူဦးရေစာရင်းများတိကျ မှန်ကန်စေရေး တစ်အိမ်တက်ဆင်း အိမ်ထောင်စုလူဦးရေ တိုက်ဆိုင်စစ်ဆေးစာရင်းကောက်ယူရေး(Working Group)လုပ်ငန်းအား မြို့နယ်လူဦးရေစာရင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ကောက်ယူနိုင်ရန်နှင့် စာရင်းအချက်အလက်များ ပြည့်စုံမှန်ကန်စေရန်အတွက် ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်ရပ်ကျေးစာရေးဝန်ထမ်းများပါဝင်သော(Working Group)ပူးပေါင်း အဖွဲ့(၇၃)ဖွဲ့တို့က သတ်မှတ်နယ်မြေအလိုက် စနစ်တကျတစ်အိမ်တက်ဆင်း ဆက်လက်ကွင်းဆင်း ကောက်ယူလျက်ရှိကြောင်း သိရသည်။
နောင်ချိုမြို့နယ်တွင် (Working Group)လုပ်ငန်းကို ဇန်နဝါရီလ ၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ လုပ်ငန်းများအောင်မြင်ရေး၊ မြေပြင်စာရင်းတိကျမှန်ကန်စာရင်းရရှိစေရေးတို့ကို ပြီးစီးအောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထွေးငယ်(နောင်ချို၊ပြန်/ဆက်)