သတင်းများ

မအူပင်မြို့နယ်၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်မိရပ်ဖများ၊ ပြည်သူများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ
Jan 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၌ နယ်မြေစိုးမိုးရေးအတွက် စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာပတ်အနောက်ကျေးရွာအုပ်စု ဒေသခံပြည်သူများ တွေ့ဆုံပွဲကို  ကုန်းတန်းကြီးကျေးရွာရှိ ရွှေပါရမီကျောင်းတိုက်အတွင်း ယမန်နေ့ ညနေ ၃ နာရီက ကျင်းပ‌ဆောင်ရွက်ခဲ့သည်။
မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် လူငယ်နှင့်အားကစားစကားဝိုင်းကျင်းပ
Jan 14,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျောင်းသားလူငယ်များအနေဖြင့် ဝိုင်းဖွဲ့ဆွေးနွေးအဖြရှာတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရေး၊ လူငယ်မောင်မယ်များ၏ အတွေးအခေါ်ဗဟုသုတများတိုးပွားရေး၊ ကျန်းမာကြံ့ခိုင်စေရန်ရည်ရွယ်၍ လူငယ်နှင့်အားကစား စကားဝိုင်းကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ကျင်းပခဲ့သည်။
မိုင်းယန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေး စုံညီပွဲတော် ကျင်းပ
Jan 14,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် မွန်ကဲရပ်ကွက်အတွင်းရှိ အခြေခံပညာ တန်းကျောင်း၌ ပညာရည်ချွန်စုပေးပွဲနှင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယမန်နေ့ မွန်လွဲ ၃ နာရီက အဆိုပါကျောင်းကွင်းပြင်၌ ကျင်းပသည်။
မင်းလှမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းမြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်း ဆက်လက်ဆောင်ရွက်
Jan 14,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းမြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းကို ဇန်နဝါရီ ၉ ရက်နေ့က စတင်ကောက်ယူခြင်းဆောင်ရွက်ခဲ့ရာ ယမန်နေ့နံနက်က မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများ၌ ဆက်လက်ကောက်ယူလျက်ရှိသည်။
သီပေါမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ
Jan 14,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌   ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်းသိရသည်။
မင်းလှမြို့နယ်၌ အိမ်ထောင်စု လူဦးရေစာရင်း တိကျမှန်ကန်စေရေး တစ်အိမ်တက်ဆင်း ကွင်းဆင်း ကောက်ယူ
Jan 14,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် အိမ်ထောင်စု လူဦးရေစာရင်း မြေပြင်ကွင်းဆင်း ကောက်ယူခြင်းကို  (Working Group)အဖွဲ့ (၂၆)ဖွဲ့ဖြင့်၊ မြို့နယ်အတွင်းရှိ ရပ်ကွက်(၁၂)ရပ်ကွက်၊ ကျေးရွာအုပ်စု (၅၅)အုပ်စုမှ အိမ်ထောင်စုများသို့ တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူလျက်ရှိကြောင်း သိရသည်။
ဒက္ခိဏသီရိမြို့နယ်တွင် Working Group မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
Jan 14,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် မြေပြင်လူဦးရေစာရင်းများ တိကျမှန်ကန်စေရေး မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေး မြို့နယ်အဆင့် Working Group အဖွဲ့မှ ဒီဇင်ဘာ ၃၀ ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ချိုင်းကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
လင်းခေးမြို့နယ် ဝမ်ဟတ်တိုက်နယ်အတွင်း လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုများ‌ လျှော့ချနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Jan 14,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ် ဝမ်ဟတ်တိုက်နယ် မြို့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုများ လျှော့ချနိုင်ရေး၊ တရားမဝင်ဓာတ်အား သုံးစွဲမှုမရှိစေ‌ရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ