ကျိုင်းတုံ ဇန်နဝါရီ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ အထက လွိုင်မွေကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘက်စုံထူးချွန်ဆုပေးပွဲကို ဇန်နဝါရီ ၁၂ ရက်က အဆိုပါ ကျောင်းခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ အထကလွိုင်မွေ ကျောင်းသား၊ ကျောင်းသူများက ကြိုဆိုပါသည် စုံညီပွဲတော် သီချင်းဖြင့် ကပြဖျော်ဖြေပြီး အမှတ်(၂၀၁၁) လေကြောင်းရန်ကာကွယ်ရေးတပ်ရင်း (လွိုင်မွေ)မှ ဒုတိယဗိုလ်မှူးကြီး စွမ်းရည်ဝင်းနှင့် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) အဖွဲ့ဝင်(၂) ဦးမင်းညိုနှင့် အထက လွိုင်မွေ ကျောင်းအုပ်ဆရာမကြီး ဒေါ်သူဇာလွင်တို့က အမှာစကားများ အသီးသီးပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများက ကျောင်းဖွံ့ဖြိုးတိုးတက်အောင်ကူညီပေးကြသော ပုဂ္ဂိုလ်များနှင့် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး ပါဝင်သင်ကြားပေသည့် ဆရာ၊ ဆရာမများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများ၊ မြို့နယ်အဆင့်အားကစား ပြိုင်ပွဲများတွင် ဆုရရှိသူများနှင့် အထိမ်းအမှတ် နေ့များတွင် စာစီစာကုံးပြိုင်ပွဲ ဆုရရှိသူများကို ဂုဏ်ပြုဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)