သရက်မြို့နယ် ရွှေနီအောင်သိန်းဖောင်ဒေရှင်း၏ အခြေခံပညာမူလတန်းကျောင်း G-5ကျောင်းသား၊ ကျောင်းသူများ ထူးချွန်ပြိုင်ပွဲ ကျင်းပ

သရက် ဇန်နဝါရီ ၁၄

မကွေးတိုင်း သရက်မြို့နယ် ရွှေနီအောင်သိန်း ဖောင်ဒေးရှင်း၏ ၂၀၂၂၀၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာမူလတန်း G-5 ဘာသာရပ် ထူးချွန်းပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီက အခြေခံ ပညာမူလတန်းကျောင်း ရုံးရပ်၌ ကျင်းပခဲ့ပြီး ပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ ရွှေနီအောင်သိန်း အထောက်ပံ့ခံကျောင်းများမှ G-5  ကျောင်းသား/ကျောင်းသူ(၃၁)ဦးက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ရွှေနီအောင်သိန်း ဖောင်ဒေးရှင်းကို ၂၀၀၂ခုနှစ်တွင် မြန်မာနိုင်ငံဖောင်းဒေးရှင်းဥက္ကဋ္ဌ ဗိုလ်မှူးကြီး ညွန့်ဆွေ(ငြိမ်း) ဒေါ်သက်သက်ဆွေတို့က လှူဒါန်းမှုဖြင့် စတင်ခဲ့ပြီး သရက်မြို့နယ် ပညာရည် မြင့်မားရေး ကျောင်းနေအရွယ်ကလေးများ ကျောင်းနေမြဲရေးနှင့် မူလတန်းပညာ ပြီးဆုံးစေနိုင်ရေး ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းခဲ့ရာ ယခုနှစ်တွင် သရက်မြို့နယ်ရှိအခြေခံပညာ(၁၁၂) ကျောင်းမှ G-4နှင့် G-5 ကျောင်းသား၊ ကျောင်းသူ(၃၀၀)ဦးအား ထောက်ပံ့ပေးခဲ့သည်။

ဘာသာရပ် ထူးချွန်ပြိုင်ပွဲကို ဇန်နဝါရီ (၁၄)ရက်နေ့တွင် မြန်မာစာနှင့် အင်္ဂလိပ်စာ ဘာသာရပ် များကို ဖြေဆိုပြီး ဇန်နဝါရီ (၁၅)ရက်နေ့တွင် သင်္ချာဘာသာရပ်ကို ဖြေဆိုသွားမည်ဖြစ်ကာ ဆုရရှိသူများ အား ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ဦး၌ ရွှေနီအောင်သိန်း ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတွင် ဆုများချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်ထက်(သရက်)