ကျိုင်းတုံမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်း ကောက်ယူရေးလုင်ငန်းများ ဆောင်ရွက်

ကျိုင်းတုံ ဇန်နဝါရီ ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းများ မှန်ကန်စေရေး တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းကောက်ယူရေးလုပ်ငန်းကို ဇန်နဝါရီ ၁၂ ရက်က မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်းသိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့နယ်၊ လွိုင်မွေကျေးရွာအုပ်စု၊ ပန်ဝိုင်(အထက်)ကျေးရွာတွင်  အိမ်ထောင်စုလူဦးရေစာရင်းများကို  ရပ်ကွက်၊ ကျေးရွာအုပ်စု မြေပြင်စာရင်းကောက်များက တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်း ကောက်ယူနေမှုအား  ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)အဖွဲ့ဝင်(၂) ဦးမင်းညိုနှင့် တာဝန်ရှိသူများက  သွားရောက်ကြည့်ရှုပြီး အိမ်ထောင်စုလူဦးရေစာရင်းများ တိကျမှန်ကန်မှုရှိစေရေးနှင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းများအချိန်မီပြီးစီးအောင် ကောက်ယူနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်(၅)ရပ်ကွက်၊ ကျေးရွာအုပ်စု (၃၁)အုပ်စုရှိပြီး အိမ်ထောင်စုလူဦးရေးစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရေး (Pilot Project)လုပ်ငန်းကို ဇန်နဝါရီ ၉ ရက်မှ ၃၁ ရက်အထိ ကောက်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

အောင်ဇင်မြင့်(ပြန်/ ဆက်)