သတင်းများ

ငွေဆောင်မြို့၊ အမှတ်(၂၀၁) အခြေခံပညာမူလတန်းကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန် ဆုပေးပွဲအခမ်းအနား ကျင်းပ
Jan 13,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အမှတ်(၃)ရပ်ကွက်၊ ကျောက်ကြီးကွက်သစ်ရှိ အမှတ် (၂၀၁) အခြေခံပညာမူလတန်းကျောင်း၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကို ယမန်နေ့နံနက် ၉နာရီက ကျင်းပပြုလုပ်ခဲ့သည်။     
ဟိုင်းကြီးကျွန်းမြို့၌ “သီလဝိသောဓနီ ခဏ္ဍ” သိမ်တော်မြတ်ကြီး ကျောင်းလွှတ်ပူဇော်ပွဲနှင့် “ဂုဏဝိသေဋ္ဌပူဇာ” အကြိုဓမ္မသဘင် ဆင်ယင် ကျင်းပ
Jan 13,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် “သီလဝိသောဓနီခဏ္ဍ” သိမ်တော်မြတ်ကြီး ကျောင်းလွှတ်ပူဇော်ပွဲနှင့် “ဂုဏဝိသေဋ္ဌပူဇာ” အကြိုဓမ္မသဘင်ကို ယမန်နေ့ ည(၁၉)နာရီအချိန်က အမှတ်(၃)ရပ်ကွက်၊ ပဓာနိကာရာမ ကျောင်းတိုက်ဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်၌ အခြေခံပညာကျောင်းများသို့ နယ်လှည့်စာကြည့်တိုက် အသိပညာပေးကွင်းဆင်း
Jan 13,2023
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးငယ်များအား အသိပညာဗဟုသုတရရှိစေရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယနေ့နံနက်၁၀နာရီ အချိန်က အ.မ.က(မူလွန်) နတ်စဉ်ကုန်းနှင့် မွန်းလွဲပိုင်းအချိန်က အ.မ.က(မူလွန်) ပုဏ္ဏစုကျောင်းများသို့ ကွင်းဆင်းဆောင် ရွက်ခဲ့သည်။
ကန့်ဘလူမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီ ဆောင်းသီးနှံစုံ ၃၁၈၇၇၅ ဧက စိုက်ပျိုးပြီးစီး
Jan 13,2023
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းသီးနှံများဖြစ်သည့် ပဲမျိုးစုံ သီးနှံများ၊ ဆီထွက်သီးနှံများ၊ စားဖိုဆောင်သီးနှံများနှင့်အခြားသီးနှံများကို ၂၀၂၂ ခုနှစ် စက်တင်ဘာလက စတင်စိုက်ပျိုးခဲ့ရာ ယခုအခါ ဆောင်းသီးနှံစုံ ၃၁၈၇၇၅ ဧက စိုက်ပျိုးပြီးစီးပြီ ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးဇော်ထံမှ သိရသည်။
ဘူးသီးတောင်မြို့တွင်စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့်စာအုပ်စာစောင်များ (အခမဲ့)ငှားရမ်းပေး
Jan 13,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နေလယ် (၂)နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးရုံး ဝန်ထမ်းများအား (အခမဲ့)ငှားရမ်းပေးခဲ့ ကြောင်း သိရသည်။
အမာမြို့၌ အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ကွင်းဆင်းဆောင်ရွက်
Jan 13,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ တယ်ပင်ဆိပ်ကျေးရွာအုပ်စု၊ အနောက်မရမ်းကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် (၁၀)နာရီတွင် သွား‌ရောက်ကာ ကျောင်းသား/ကျောင်းသူများအား အသိပညာပေးဟောပြောခြင်း နှင့်အတူ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲများကို ကျင်းပဆောင်ရွက်ခဲ့သည်။
တနိုင်းမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ
Jan 13,2023
ကချင်ပြည်နယ် တနိုင်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/သူများက စုံညီပွဲတော် ဒို့နွှဲပျော် သီချင်းဖြင့်သီဆိုဖွင့်လှစ်ခဲ့သည်။
သုံးခွမြို့နယ် ကံမြင့်ကျေးရွာ၌ မြစိမ်းရောင်အတိုးရငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်းနှင့် အုတ်‌ရေမြောင်းပြုလုပ်ခြင်း လုပ်ငန်းဆောင်ရွက်
Jan 13,2023
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ကံမြင့်ကျေးရွာတွင် သုံးခွမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိ၍ မိသားစုဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ကျေးရွာ(၃၆)ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။