လဲချား ဇန်နဝါရီ ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာရေးစုံညီပွဲတော်နှင့်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အ-ထ-က(လဲချား)ကျောင်းတွင် ကျင်းပခဲ့ပါသည်။
အဆိုပါစုံညီပွဲတော်အခမ်းအနားကို ကျောင်းသား/သူလေးများမှ "ပျော်ရွှင်ပါစေ မြန်မာပြည်" တေးသီချင်းဖြင့်ဖွင့်လှစ်ခဲ့ပြီး လဲချားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးမြင့်ဝေမှ အဖွင့်အမှာစကားကာ မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်မြမြစန်းမှ ပညာရေးစုံညီပွဲတော်ကျင်းပရခြင်းကို ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် လူရည်ချွန်ဆုနှင့် ကာယ၊ ဉာဏထူးချွန်ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက တေးသရုပ်ဖော် တိုင်းရင်းသားရိုးရာအကအလှများဖြင့် ဖျော်ဖြေကပြခဲ့ကြပြီး အခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းသားမိဘများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လဲချား(မြို့နယ်ပြန်/ဆက်)