သတင်းများ

မိုင်းယောင်းတွင် လူငယ်များ စာဖတ်ရှုမှုအား စိတ်ပါဝင်စားစေရန်ဆောင်ရွက်
Feb 05,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ရှိ ကလေးစာဖတ်ခန်းတွင် ယနေ့နံနက်ပိုင်းက လူငယ်များ စာဖတ်ရှုမှုအား စိတ်ပါဝင်စားစေရန် စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်ခဲ့သည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ခရိုင်အဆင့်ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ မြိတ်မြို့တွင်ကျင်းပ
Feb 05,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (၂၆) ကြိမ်မြောက် ခရိုင်အဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲကို အထက(၃)မြိတ် ပညာရတနာခန်းမတွင် ယမန်နေ့ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြသလွန်စေတီတော်ဘုရားတွင် ထမနဲဆွမ်း ဆက်ကပ်လှူဒါန်းကာ ဘုရားရင်ပြင်တော်၌ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက သန့်ရှင်ရေးကုသိုလ်ပြု ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး
Feb 05,2023
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တပို့တွဲလပြည့်နေ့တွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ အဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးတို့သည် မကွေးမြသလွန်စေတီတော် ဘုရားကြီး၌ နံနက်အာရုဏ်ဆွမ်းအဖြစ် မြန်မာရိုးရာအစားအစာ ထမနဲ ဆက်ကပ်လှူဒါန်းကာ၊ ဘုရားရင်ပြင်တော်တွင် ယမန်နေ့နံနက် (၇)နာရီအချိန်က တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက စုပေါင်းသန့်ရှင်းရေး ကုသိုလ်ပြု လုပ်ဆောင်နေမှုအား ကြည့်ရှုအားပေးသည်။
မောက်မယ်မြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ(၅၆)ဦးအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်
Feb 04,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်၊ ဆေးဝါးများနှင့်အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးခြင်း၊ ဘိုးဘွားများ ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝစွာ နေထိုင်နိုင်ရန်ရည်ရွယ်၍ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၂−၂၀၂၃ဘဏ္ဍာနှစ်၊ တတိယသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)လတို့အတွက် လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ နေ့လယ်၂နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
တာချီလိတ်မြို့၌ မြို့ရှောင်လမ်းဖောက်လုပ်ရန် မြယာလျော်ကြေးငွေပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်
Feb 04,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ အမှတ်(၂)ချစ်ကြည်ရေးတံတားနှင့် စက်မှုရပ်ကွက်အကြား မြို့ရှောင်လမ်းဖောက်လုပ်ရန် မလွတ်ကင်းသည့် မြေနေရာများအား နိုင်ငံတော်မှမြေယာလျော်ကြေးငွေပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းကို ဖေဖော်ဝါရီလ ၃ရက် မွန်းလွှဲ ၂ နာရီက ခရိုင်စုပေါင်း ရုံးခန်းမှ၌ ပြုလုပ်သည်။
သရက်မြို့၌ ခရိုင်/မြို့နယ် ကျောင်းကျန်းမာရေးကော်မတီအစည်းအဝေးကျင်းပ
Feb 04,2023
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ခရိုင်/မြို့နယ် ကျောင်းကျန်းမာရေးကော်မတီအစည်းအဝေးကျင်းပခြင်းကို ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က ခရိုင်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ကျင်းပရာ ခရိုင်/မြို့နယ် ကျောင်းကျန်းမာရေးကော်မတီဝင်များ၊ ဖိတ်ကြားထားသည့် ခရိုင်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
မင်းလှမြို့၌ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ (၁၉)ကြိမ်မြောက်နှစ်ပတ်လည် အစည်းအဝေးအား မြို့နယ်အမျိုးသမီး‌‌ရေးရာအဖွဲ့မှ ထပ်ဆင့်ရှင်းလင်းပွဲကျင်းပ
Feb 04,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ မြန်မာနိုင်ငံအမျိုးသမီး‌ရေးရာအဖွဲ့ချုပ်၏ (၁၉)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးအား မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့မှ ထပ်ဆင့်ရှင်းလင်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဇီးကုန်းမြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွား(၅၉၈)ဦးအတွက် လူမှုရေးပင်စင်များပေးအပ်
Feb 04,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွားများအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တတိယသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) လများအတွက် လူမှုရေးပင်စင်ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။