အိမ်မဲမြို့တွင် လူငယ်များဗလငါးတန်ပြည့်စုံစေရန် လူငယ်စကားဝိုင်းကျင်းပ
Feb 04,2023
လူငယ်များဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြတ်စေရန်၊ လူအများရှေ့တွင် ရဲဝင့်စွာစကားပြောဆိုတတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ လူငယ်များနာထောင်ပြီး အသိပညာဗဟုသုတများရရှိ၍ အပြန်အလှန်ဆွေးနွေးဖလှယ်တတ်စေရန် ရည်ရွယ်ပြီး အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြိုနယ်လူငယ်ရေးရာကော်မတီနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ရှမ်းကွင်းသူဌေးကုန်းကျေးရွာ အ.လ.ကကျောင်းတွင် ယမန်နေ့နံနက် (၁၁) နာရီတွင် ကျင်းပသည်။