သတင်းများ

ဖား​ဆောင်းမြို့ မြို့နာမ်ရတနာစျာန်​အောင်​စေတီ​တော်တွင် ဗုဒ္ဓပူဇနိယ ဆွမ်းဆန်စိမ်း​လောင်း လှူပွဲနှင့်စု​ပေါင်းထမနဲထိုးပြိုင်ပွဲတွင်ဆုရရှိ​သော အသင်းများအားဆုချီးမြှင့်ပွဲကျင်းပ
Feb 05,2023
ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် မြို့သူမြို့သားများမှ သံသရာဝဋ်ဆင်းရဲမှ ကင်းလွတ်ရာ၊​ အေးငြိမ်းရာမှန်မြတ်နိဗ္ဗာန်ကို ရည်သန်​တောင့်တလျှက် နှစ်စဥ်ကျင်းပမြဲဖြစ်​သော မြို့နာမ်ရတနာစျာန်​အောင်​စေတီ​တော်တွင် ဗုဒ္ဓပူဇနိယ ဆွမ်းဆန်စိမ်း​လောင်းလှူပွဲနှင့် စု​ပေါင်းထမနဲထိုးပြိုင်ပွဲတွင် ဆုရရှိ​သော အသင်းများအား ဆုချီးမြှင့်ခြင်းကို ယ​မန်နေ့ နံနက်၇ နာရီ ချိန်က အဆိုပါ​စေတီ​တော်ရင်ပြင်တွင်ကျင်းပပြုလုပ်ခဲ့သည်။
ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော် စေတီတော်မြတ်ကြီး၌ (၉၉)ကြိမ်မြောက် ညံရိုးမီးပူဇော်ပွဲနှင့် ထမနဲဆွမ်းကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ
Feb 05,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် နှစ်စဉ် ကျင်းပမြဲဖြစ်သော ညံရိုးမီးပူဇော်ပွဲကို ယမန်နေ့နံနက် ၄:၀၀ နာရီက စေတီတော်တောင်ဘက် စောင်းတန်းထိပ် ရတနာပုံထီးဘုရားရှေ့တွင် ပြည်သူအပေါင်းတို့က ဗုဒ္ဓမြတ်စွာဘုရားရှင်အား ညံရိုးများဖြင့် မီးပူဇော်ကြသည်။
ညောင်တုန်းမြို့နယ်တွင် အမှိုက်စွန့်ပစ်မှုပညာပေးဟောပြောပွဲကျင်းပ
Feb 05,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်စွန့်ပစ်မှု ပညာပေးဟောပြောပွဲမျာကို ယမန်နေ့ မွန်းလွဲပိုင်းက အမှတ်(၄၂) အခြေခံပညာမူလတန်းကျောင်၌ ဆောင်ရွက်ခဲ့သည်။
သထုံ၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတမြင့်မား‌ရေး လူငယ်စကား ဝိုင်းပြုလုပ်
Feb 05,2023
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် လူငယ်ရေးရာကော်မတီတို့ပူးပေါင်း၍ ကျောင်းသား‌၊ ကျောင်းသူများ အသိပညာဗဟုသုတမြင့်မားရေး လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက်ပိုင်းက သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျွန်းလှမြို့နယ်၌ ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများ လိုက်နာရမည့်စည်းကမ်းချက်များ ရှင်းလင်းဆွေးနွေးပွဲသင်တန်းဖွင့်လှစ်
Feb 05,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာ‌မေးပွဲတွင် ကြီးကြပ်ဆောင်ရွက်မည့်ကြီးကြပ်ရေးမှူးများ၊ လက် ထောက်ကြီးကြပ်ရေးမှူးများ လိုက်နာရမည့်စည်းကမ်းချက်များရှင်းလင်းဆွေးနွေးသင်တန်းကို ယနေ့နံနက် ၁၁ နာရီက အခြေခံပညာအထက်တန်း ကျောင်း(ကျွန်းလှ)၌ ကျင်းပသည်။
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းကုန်းရွာသစ် မြေနီလမ်းသစ် ဖွင့်ပွဲကျင်းပ
Feb 05,2023
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် သဲကုန်းမြို့နယ်၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းကုန်းရွာသစ် မြေနီလမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါကျေးရွာရှိ မင်္ဂလာမုခ်ဦးတွင် ကျင်းပရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်  ဝန်ထမ်းများနှင့် ကျေးရွာသူ ရွာသားများ တက်ရောက်ခဲ့သည်။
ဟင်္သာတခရိုင်နှင့် မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ နှမ်းမနဲထိုးပြိုင်ပွဲကျင်းပ
Feb 05,2023
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင်  ဟင်္သာတမြို့နယ်၌ ဟင်္သာတခရိုင်အထွေအထွေအုပ် ချုပ်ရေးမှူးရုံးဝန်းအတွင်းတွင် ယမန်နေ့ ညနေ ၃ နာရီခွဲ က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးဝန်ထမ်းများက စုပေါင်း၍ မြန်မာ့ရိုးရာနှမ်းမနဲထိုးပြိုင်ပွဲကျင်းပခဲ့သည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၁၁)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုး ပြိုင်ပွဲ အခမ်းအနားတက်​ရောက်
Feb 05,2023
မွန်ပြည်နယ်အတွင်း မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို နှစ်စဉ် တပို့တွဲလရောက်ရှိတိုင်း အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ မွန်ပြည်နယ်၏ (၁၁)ကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲအခမ်းအနားကို ​ဖေ​ဖော်ဝါရီလ ၃ ရက်​နေ့၊ ည​နေပိုင်းက ​မော်လမြိုင်မြို့၊ သံလွင်ဥယျာဥ်၊ ​​တောင်ဘက်ကွင်း၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး​အောင်ကြည်သိန်း၊ အ​ရှေ့​တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ ပြည်နယ်အစိုးရ အဖွဲ့၀င်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်​ရောက်ခဲ့သည်။