မိုင်းဖြတ်မြို့နယ် နမ့်ပန်ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းသို့ ဆွမ်းဆန်နှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း
Feb 04,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လစဉ်ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းလျက်ရှိရာ နမ့်ပန်ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းသို့ (၁၂)ကြိမ်မြောက် ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့ နံနက် ၉ နာရီက ထေရဝါဒ ဗုဒ္ဓသာသနာပြု(ဗဟို) ကျောင်းတိုက်ရှိ မင်္ဂလာသီရိဓမ္မာရုံ၌ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ နမ့်ပန်ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း ဆရာတော် ဘဒ္ဒန္တပညာသိရီထံ ပရိသတ်များက ရှစ်ပါးသီလခံယူ ဆောက်တည်ကြသည်။