အထက်မင်းလှ ဖေဖော်ဝါရီ ၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ (၁၉)ကြိမ်မြောက်နှစ်ပတ်လည် အစည်းအဝေးအား မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ထပ်ဆင့်ရှင်းလင်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်က အမှာစကားပြောကြားပြီး၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ချမှတ်သည့် လုပ်ငန်းစဉ်များနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ဆောင်ရွက်မည့်ရှေ့လုပ်ငန်းစဉ်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၏ ဘဏ္ဍာငွေရရှိမှုနှင့် သုံးစွဲမှုအခြေအနများအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ အတွင်းရေးမှူး ဒေါ်မြမြမင်းက အဖွဲ့မှလုပ်ငန်း ဆောင်ရွက်နေမှုများအား ဆွေးနွေးပြောကြားခဲ့သည်။
ယင်းနောက် နှစ်ပတ်လည်အစည်းအဝေးထပ်ဆင့် ရှင်းလင်းပွဲသို့တက်ရောက်လာသည့် အဖွဲ့ဝင်များကအဖွဲ့မှ ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား ဆွေးနွေးခဲ့ကြရာဆွေးနွေးချက်များအပေါ် မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌက လိုအပ်သည် များအား ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)