မောက်မယ် ဖေဖေါ်ဝါရီ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်၊ ဆေးဝါးများနှင့်အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးခြင်း၊ ဘိုးဘွားများ ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝစွာ နေထိုင်နိုင်ရန်ရည်ရွယ်၍ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၂−၂၀၂၃ဘဏ္ဍာနှစ်၊ တတိယသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)လတို့အတွက် လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ နေ့လယ်၂နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က နိုင်ငံတော်က လူမှုဝန်ထမ်းမှတစ်ဆင့် ထောက်ပံ့ပေးနေမှုအပေါ် ရပ်ကွက်/ကျေးရွာများရှိသက်ကြီး ဘိုးဘွားများ လက်ဝယ်သို့အရောက် သွားရောက်ထောက်ပံ့ပေးစေချင်ကြောင်း အမှာစကားပြောကြားပြီး မြို့နယ် လူမှုဝန်ထမ်းမှ ဦးစီးအရာရှိ ဒေါ်ချိုချိုလွင်က လူမှုရေးပင်စင်ထောက်ပံ့ပေးရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်သက်ကြီးဘိုးဘွားများတစ်ဦးလျင်ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် မြို့ပေါ်(၇)ရပ်ကွက်၊ ကျေးရွာအုပ်စု(၈)အုပ်စုတို့မှ သက်ကြီးဘိုးဘွားများ(၅၆)ဦးတို့အတွက် စုစုပေါင်း ငွေကျပ် ၁၆၈၀၀၀၀ အား ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့ထံ တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်