မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြသလွန်စေတီတော်ဘုရားတွင် ထမနဲဆွမ်း ဆက်ကပ်လှူဒါန်းကာ ဘုရားရင်ပြင်တော်၌ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက သန့်ရှင်ရေးကုသိုလ်ပြု ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

မကွေး ဖေဖော်ဝါရီ ၅

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တပို့တွဲလပြည့်နေ့တွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊  အဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးတို့သည် မကွေးမြသလွန်စေတီတော် ဘုရားကြီး၌ နံနက်အာရုဏ်ဆွမ်းအဖြစ် မြန်မာရိုးရာအစားအစာ ထမနဲ ဆက်ကပ်လှူဒါန်းကာ၊ ဘုရားရင်ပြင်တော်တွင် ယမန်နေ့နံနက် (၇)နာရီအချိန်က တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက စုပေါင်းသန့်ရှင်းရေး  ကုသိုလ်ပြု လုပ်ဆောင်နေမှုအား ကြည့်ရှုအားပေးသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြသလွန်ဘုရားရင်ပြင်ရှိ မဟာဝိဇယရံသီ တန်ဆောင်းတော်နှင့် မဟာအတုလရံသီ တန်းဆောင်းတော်တို့တွင် ယမန်နေ့က တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့်(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ဌာနအလိုက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်းများ ထိုးထားသည့် ထမနဲများအား အာရုံဆွမ်းအဖြစ် ကပ်လှူ၍ ဆီမီး၊ ပန်း၊ ရေချမ်းတော်တို့ ကပ်လှူပူဇော် ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မကွေးမြသလွန်ဘုရားတွင် ဘုရားဖူးလာ ပြည်သူများ စိတ်အေးချမ်းသာစွာ ဘုရားဖူးမြော်နိုင်ရေးအတွက် တိုင်းဒေသကြီး/ခရိုင်/ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက ဘုရားရင်ပြင်တော်တွင် စုပေါင်းသန့်ရှင်းရေးကုသိုလ်ပြု လုပ်ဆောင်နေမှုအား ကြည့်ရှုအားပေးကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က ယခုအချိန်အခါသည် မန်းရွှေစက်တော် ဘုရားပွဲတော်ကာလဖြစ်ပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဘူးလာပြည်သူများ သမိုင်းဝင် မြသလွန်စေတီတော်မြတ်ကြီးသို့ လာရောက်ဖူမြှော် ကြတဲ့အတွက် မြသလွန်စေတီတော်မြတ်ကြီးရှိ တည်းခိုဆောင်ဓမ္မာရုံများမှာ ခေတ္တညအိပ်တည်းခိုကာ စေတီတော်မြတ်အား စိတ်အေးချမ်းသာစွာဖြင့် ဖူးမြှော်နိုင်စေရေး စီစဉ်ဆောင်ရွက်ထားရှိရန်နှင့် စေတီတော်မြတ်ကြီးနှင့် ပတ်ဝန်းကျင် အစဉ်အမြဲ သန့်ရှင်းသပ်ရပ်မှုရှိစေရေး ကြိုးစားဆောင်ရွက်ပေးကြရန် ဘုရားကြီးဂေါပကအဖွဲ့နှင့် တာဝန်ရှိသူတို့အား မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောင်ညီညာ