သတင်းများ

သရက်မြို့၌ ခရိုင်/မြို့နယ် ကျောင်းကျန်းမာရေးကော်မတီအစည်းအဝေးကျင်းပ
Feb 04,2023
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ခရိုင်/မြို့နယ် ကျောင်းကျန်းမာရေးကော်မတီအစည်းအဝေးကျင်းပခြင်းကို ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က ခရိုင်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ကျင်းပရာ ခရိုင်/မြို့နယ် ကျောင်းကျန်းမာရေးကော်မတီဝင်များ၊ ဖိတ်ကြားထားသည့် ခရိုင်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
မင်းလှမြို့၌ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ (၁၉)ကြိမ်မြောက်နှစ်ပတ်လည် အစည်းအဝေးအား မြို့နယ်အမျိုးသမီး‌‌ရေးရာအဖွဲ့မှ ထပ်ဆင့်ရှင်းလင်းပွဲကျင်းပ
Feb 04,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ မြန်မာနိုင်ငံအမျိုးသမီး‌ရေးရာအဖွဲ့ချုပ်၏ (၁၉)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးအား မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့မှ ထပ်ဆင့်ရှင်းလင်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဇီးကုန်းမြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွား(၅၉၈)ဦးအတွက် လူမှုရေးပင်စင်များပေးအပ်
Feb 04,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွားများအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တတိယသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) လများအတွက် လူမှုရေးပင်စင်ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
နောင်ချိုမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ
Feb 04,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များ အသိပညာဗဟုသုတ ကြွယ်ဝစေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့် ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ “လူငယ်စကားဝိုင်း”ကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းပျဉ်းမြို့နယ်တွင် ကျေးရွာချင်းဆက်လမ်းမြေသားလမ်းဖောက်လုပ်လျက်ရှိ
Feb 04,2023
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေကျပ် ၁၃၂ ဒသမ ၆၅၆ သန်း အကုန်အကျခံကာ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ ပန်ဝိုင်ကျေးရွာအုပ်စု၊ ဝမ်ကောင်း(ရှမ်း)-ဝမ်ကောင်း(လားဟူ)-နားဖား-နမ့်မု(အောက်/ထက်)-နမ့်ဘော်-ဟိုနမ့်-ဟိုတုံ ကျေးရွာချင်းဆက်လမ်း မြေသားလမ်းဖောက်လုပ်လျက်ရှိကြောင်း သိရသည်။
မိတ္ထီလာခရိုင်တွင် ဆောင်းနေကြာ စိုက်ဧက ၉၇၀၀ကျော် စိုက်ပျိုးနိုင်ခဲ့ရာ သတ်မှတ်လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်
Feb 04,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၌ ဆောင်းနေကြာ စိုက်ဧက ၉၇၀၀ ကျော် စိုက်ပျိုးနိုင်ခဲ့ရာ သတ်မှတ် လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကံမမြို့နယ် ဆင်စွယ်မြောင်ကျေးရွာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး
Feb 04,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အရှိန်အဟုန်မပျက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ်(၁)နာရီက ကံမမြို့နယ် စပယ်ခြုံကျေးရွာအုပ်စု ဆင်စွယ်မြောင် ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များအား တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
သာပေါင်းမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် ပညာရေးဌာနတို့ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Feb 04,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် ပညာရေးဌာနတို့ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၃) (၂/၂၀၂၃)ဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(သာပေါင်း)ရှိ သော်ကဆောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။