မိုင်းယောင်းတွင် လူငယ်များ စာဖတ်ရှုမှုအား စိတ်ပါဝင်စားစေရန်ဆောင်ရွက်

မိုင်းယောင်း ဖေဖော်ဝါရီ ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ရှိ ကလေးစာဖတ်ခန်းတွင် ယနေ့နံနက်ပိုင်းက လူငယ်များ စာဖတ်ရှုမှုအား စိတ်ပါဝင်စားစေရန် စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်ခဲ့သည်။

လူငယ်များ၊ ကျောင်းသား ကျောင်းသူများ ကျောင်းသင်ခန်းစာအပြင် ပြင်ပဗဟုသုတရှိစေရန် ရည်ရွယ်၍ စာပေလေ့လာဖတ်ရှုမှုကို စိတ်ပါဝင်စားမှု ရှိလာစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ အရည်အသွေးမြင့် ရောင်စုံရုပ်ပြ ပုံပြင်စာအုပ်များကို ဖတ်ပြခြင်းနှင့် စိတ်ကြိုက်စာအုပ်စာစောင်များကို ဖတ်ရှုစေခဲ့သည်။

စိုင်းအောင်ဇော်လင်း