ဇီးကုန်းမြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွား(၅၉၈)ဦးအတွက် လူမှုရေးပင်စင်များပေးအပ်

ဇီးကုန်း ဖေဖော်ဝါရီ ၄

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွားများအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တတိယသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) လများအတွက် လူမှုရေးပင်စင်ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်အတွင်းရှိအသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွားတစ်ဦးအတွက် တစ်လလျှင်တစ်သောင်းကျပ်နှုန်းဖြင့် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) သုံးလအတွက် ထောက်ပံ့ငွေသုံးသောင်းကျပ်ကို သက်ကြီးဘိုးဘွား(၅၉၈)ဦးအတွက် တစ်ဦးလျှင်သုံးသောင်းကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ်(၁၇၉၄၀၀၀၀)ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်နှင့်အဖွဲ့ဝင်များက ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံသို့ပေးအပ်ခဲ့ပြီး ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့် စာရေးများက သက်ကြီးဘိုးဘွားများထံအရောက် ပြန်လည်ထောက်ပံ့ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

တင့်ဆွေ(ပြန်/ဆက်)