ညောင်တုန်းမြို့နယ်တွင် အမှိုက်စွန့်ပစ်မှုပညာပေးဟောပြောပွဲကျင်းပ

ညောင်တုန်း ဖေဖော်ဝါရီ 5

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်စွန့်ပစ်မှု ပညာပေးဟောပြောပွဲမျာကို ယမန်နေ့ မွန်းလွဲပိုင်းက အမှတ်(၄၂) အခြေခံပညာမူလတန်းကျောင်၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိဦးခင်မောင်ဦးက ကျောင်းသား၊ကျောင်းသူလေးများစွန့်ပစ်ပစ္စည်းများစနစ်တကျစွန့်ပစ်တက်စေရန်၊ အမှိုက်စို ၊အမှိုက်ခြောက်များကို ခွဲခြားစွန့်ပစ်တက်စေရန်၊ တစ်ကိုယ်ရည်အမှိုက်စွန့်ပစ်မှုလျော့ကျစေရန် စသည့်ရည်ရွယ်ချက်များကို ဆွေးနွေးဟောပြောခဲ့သည်။

ထို့နောက် ဒုတိယဦးစီးမှူးဦးအောင်နိုင်က အမှိုက်အမျိုးအစားအလိုက် စနစ်တကျစွန့်ပစ်နည်း၊အမှိုက်များကိုစနစ်တကျ မစွန့်ပစ်ခြင်းကြောင့်ဖြစ်ပွားနိုင်သည့်ရောဂါများအ ကြောင်း၊ ရေထု၊ လေထု၊ မြေထု ညစ်ညမ်းခြင်းအကြောင်းအရာများကို ဟောပြောသရုပ်‌ဖော်ပြသ၍ ကျောင်းသား၊ကျောင်းသူများကိုမေးခွန်းများ ပြန်လည်မေးမြန်းခဲ့ပြီး အဖြေမှန်သူများအား ဆုလက်ဆောင်များပေးအပ်ခဲ့ကြောင်းသိရသည်။

ထက်ဝေဖြိုး(ပြန်ဆက်)