ကျွန်းလှ ဖေဖော်ဝါရီ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကြီးကြပ်ဆောင်ရွက်မည့်ကြီးကြပ်ရေးမှူးများ၊ လက် ထောက်ကြီးကြပ်ရေးမှူးများ လိုက်နာရမည့်စည်းကမ်းချက်များရှင်းလင်းဆွေးနွေးသင်တန်းကို ယနေ့နံနက် ၁၁ နာရီက အခြေခံပညာအထက်တန်း ကျောင်း(ကျွန်းလှ)၌ ကျင်းပသည်။
အခမ်းအနားတွင် ကျွန်းလှမြို့နယ်ပညာရေးမှူး ဦးမြင့်လွင်က အမှာစကားပြောကြားပြီး အထက (ကျွန်းလှ) ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးစိုးနှင့် အထက (သစ်ရာမြိုင်)ကျောင်းအုပ် ဆရာမကြီး ဒေါ်အေးအေးအောင်တို့က လိုက်နာရမည့် စည်းကမ်းချက်များကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးသည်။အဆိုပါ ဆွေးနွေးပွဲသင်တန်းသို့ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ အထက်တန်းပြနှင့် အလယ်တန်းပြ ၊ ဆရာ၊ ဆရာမများ စုစုပေါင်း (၁၅၀) ဦး တက်ရောက်ခဲ့ကြောင်း မြို့နယ်ပညာ ရေးမှူးရုံးမှ သိရသည်။
မျိုးဝင်းညို ကျွန်းလှ