(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းကုန်းရွာသစ် မြေနီလမ်းသစ် ဖွင့်ပွဲကျင်းပ

သဲကုန်း ဖေဖော်ဝါရီ ၄

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် သဲကုန်းမြို့နယ်၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းကုန်းရွာသစ် မြေနီလမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါကျေးရွာရှိ မင်္ဂလာမုခ်ဦးတွင် ကျင်းပရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်  ဝန်ထမ်းများနှင့် ကျေးရွာသူ ရွာသားများ တက်ရောက်ခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေး ဦးစောပြည့်စုံက အမှာစကား ပြောကြားပြီး၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်စန္ဒာအေးက စီမံကိန်းများ ဆောင်ရွက်ပေးခြင်း အကြောင်းရင်းအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောပြည့်စုံ၊ ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဦးစီးအရာရှိများ ကျေးရွာကော်မတီဥက္ကဋ္ဌတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကျေးရွာစီမံကိန်း ကော်မတီအဖွဲ့ဝင်တစ်ဦးက ကျေးဇူးတင်စကား ပြည်လည်ပြောကြားခဲ့သည်။

အဆိုပါလမ်းအား ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၏ နိုင်ငံတော် ထောက်ပံ့ရန်ပုံငွေ ကျပ် (၁၅၀)သိန်းဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။ လမ်းအရှည် ၁၂၀၀ ပေ အကျယ် ၁၄ ပေ၊ ထု ၉လက်မဖြစ်ကြောင်း သိရသည်။

မြို့နယ်၊ပြန်/ဆက်