ဖား​ဆောင်းမြို့ မြို့နာမ်ရတနာစျာန်​အောင်​စေတီ​တော်တွင် ဗုဒ္ဓပူဇနိယ ဆွမ်းဆန်စိမ်း​လောင်း လှူပွဲနှင့်စု​ပေါင်းထမနဲထိုးပြိုင်ပွဲတွင်ဆုရရှိ​သော အသင်းများအားဆုချီးမြှင့်ပွဲကျင်းပ

ဖား​ဆောင်း ​ဖေ​ဖော်ဝါရီ ၅

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် မြို့သူမြို့သားများမှ သံသရာဝဋ်ဆင်းရဲမှ ကင်းလွတ်ရာ၊​ အေးငြိမ်းရာမှန်မြတ်နိဗ္ဗာန်ကို ရည်သန်​တောင့်တလျှက် နှစ်စဥ်ကျင်းပမြဲဖြစ်​သော မြို့နာမ်ရတနာစျာန်​အောင်​စေတီ​တော်တွင် ဗုဒ္ဓပူဇနိယ ဆွမ်းဆန်စိမ်း​လောင်းလှူပွဲနှင့် စု​ပေါင်းထမနဲထိုးပြိုင်ပွဲတွင် ဆုရရှိ​သော အသင်းများအား ဆုချီးမြှင့်ခြင်းကို ယ​မန်နေ့ နံနက်၇ နာရီ ချိန်က အဆိုပါ​စေတီ​တော်ရင်ပြင်တွင်ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဆွမ်းဆန်စိမ်း​လောင်းလှူရန်အတွက် ဆရာ​တော်၊ သံဃာ​တော်များနှင့် မြို့နယ် စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊​ ဘုရား​ဂေါပကအဖွဲ့ဝင်များက မြတ်စွာဘုရားကိုပင့်​ဆောင်၍ ရတနာစျာန်​အောင်​စေတီ​တော်အား လက်ယာရစ်ရစ်ပတ်ကာ အလှူရှင်များမှ ဆွမ်း ဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုတို့ကို ​လောင်းလှူခဲ့ကြသည်။

ဆက်လက်၍ မြန်မာ့ရိုးရာစု​ပေါင်းထမနဲထိုးပြိုင်ပွဲတွင် ဆုရရှိသည့်အသင်းများအား မြို့နယ် စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဘုရား​ဂေါပကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆုများကို အသီးသီး​ပေးအပ်ချီးမြှင့်ခဲ့​သည်။

ထို့​နောက် လှူဒါန်းမှုအစုစုတို့အတွက် ​ရေစက်သွန်းချအမျှ​ပေး​ဝေခြင်းအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ ဦးစွာဝမ်​အောင်းကယား​ကျေးရွာဆရာ​တော် မဟာဘဒ္ဓမ္မ​ဇော်တိကဓဇ​မေဓါနထံမှ ဧည့်ပရိတ်သတ်အ​ပေါင်းတို့က ငါးပါးသီလခံယူပြီး တောင်​ပေါ်​ကျေးရွာဆရာ​တော် ဘဒ္ဒန္တဇဝနထံမှ အနု​မောဒနဂါထာ​တော်အကျိုးတရားနာယူ၍ ​ရေစက်သွန်းချအမျှ​ပေး​ဝေခဲ့ကြ​ကြောင်း သိရသည်။  

နန်းသဲနု​အောင်(ဖား​ဆောင်း)