ဟင်္သာတ ဖေဖေါ်ဝါရီ
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်၌ ဟင်္သာတခရိုင်အထွေအထွေအုပ် ချုပ်ရေးမှူးရုံးဝန်းအတွင်းတွင် ယမန်နေ့ ညနေ ၃ နာရီခွဲ က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးဝန်ထမ်းများက စုပေါင်း၍ မြန်မာ့ရိုးရာနှမ်းမနဲထိုးပြိုင်ပွဲကျင်းပခဲ့သည်။
အဆိုပါစုပေါင်းနှမ်းမနဲထိုးပွဲသို့ ခရိုင်အုပ်ချုပ်ရေးမှူးဦးမြင့်သန်းဝင်းနှင့်ဇနီးဒေါ်ခတ္တာထွန်းတို့ တက်ရောက်အားပေးခဲ့ကြပြီး ပြိုင်ပွဲတွင်ခရိုင်နှင့်မြို့နယ်ရုံး ဝန် ထမ်းများက နှမ်းမနဲအပြိုင်အဆိုင်ထိုးနေမှုများအား တာဝန်ရှိသူများကလှည့်လည်အားပေးကြည့်ရှုခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ ပထမဆုအားလည်းကောင်း၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဆုအားလည်းကောင်း အသီးသီးဆွတ်ခူးရရှိခဲ့ကြကာ ဆုရရှိသူများအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းဝင်းနှင့် ဇနီးဒေါ်ခတ္တာထွန်းတို့မှ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
ခရိုင်ပြန်ဆက် -ဟင်္သာတ