ရန်ကုန် ဖေဖော်ဝါရီ ၄
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ ရပ်ကွက်၊ မင်းဓမ္မလမ်းရှိ လောကချမ်းသာ အဘယလာဘမုနိရုပ်ပွားတော်မြတ်ကြီး (ကျောက်တော်ကြီးဘုရား)၌ (၂၂)ကြိမ်မြောက် ဗုဒ္ဓါဘိသေကအနေကဇာ၊ ဗုဒ္ဓပူဇနိယပွဲတော် အခမ်းအနားနှင့် ဆွမ်းဆန်တော်၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် (၇)နာရီခွဲအချိန်က ကျင်းပသည်။
ကျင်းပရာတွင် အသောကာရုံရွှေကျင် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တနန္ဒသာရထံမှ (၉)ပါးသီလခံယူ၍ ရေစက်သွန်းချ တရားနာယူပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အင်းစိန်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ဇင်၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးနေသွေး၊ ရှေ့တန်းအမှတ်(၄) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးကျော်စိုးဦး၊ အင်းစိန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမင်းထွဋ်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသုခလှိုင်၊ အဖွဲ့ဝင်(၃) ဦးညီညီစိုးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ကျောက်တော်ကြီးဘုရားဂေါပကအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ၊ အလှူရှင်များနှင့် တာဝန်ရှိသူများက ပင့်သံဃာ(၁၈)ပါးအား ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို( ပြန်/ဆက်)