သတင်းများ

သာပေါင်းမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် ပညာရေးဌာနတို့ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Feb 04,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် ပညာရေးဌာနတို့ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၃) (၂/၂၀၂၃)ဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(သာပေါင်း)ရှိ သော်ကဆောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ဖား​ဆောင်းမြို့နယ်၊ မြို့နာမ်ရတနာစျာန်​အောင်​စေတီ​တော်ကြီးတွင် ဗုဒ္ဓပူဇနိယပွဲ​တော် မြန်မာ့ရိုးရာစု​ပေါင်း ထမနဲထိုးပြိုင်ပွဲကျင်းပ
Feb 04,2023
ကယားပြည်နယ်၊ ​ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်​တော် မြို့နာမ်ရတနာစျာန်​အောင်​ စေတီ​တော်ကြီးတွင် ဗုဒ္ဗပူဇနိယပွဲ​တော် မြန်မာ့ရိုးရာစု​ပေါင်းထမနဲထိုးပြိုင်ပွဲကို ယ​မန်​နေ့ အဆိုပါ​စေတီ​တော်ပရဝုဏ်အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ပုသိမ်မြို့နယ် လက်ထောက်ပညာရေးမှူး ဦးဝင်းဇော် အ-ထ-က အုန်းချောင်းအတွင်းဖြေ၊ အပြင်ဖြေ စနစ်ဟောင်း ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံပွဲကျင်းပ
Feb 04,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ သဲကုန်းကျေးရွာအုပ်စု၊ အုန်းချောင်းကျေးရွာ အ-ထ-က အုန်းချောင်းစာသင်ကျောင်းတွင် ယနေ့နံနက်(၁၀)နာရီက ပုသိမ်မြို့နယ် လက်ထောက်ပညာရေးမှူး ဦးဝင်းဇော်မှ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများနှင့်တွေ့ဆုံ၍ ဟောပြောပွဲကိုကျင်းပပြုလုပ်ခဲ့သည်။
ရွှေတောင်မြို့နယ်အတွင်း ဒေသဖွံဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
Feb 04,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အတွင်းဒေသဖွံဖြိုးရေးလုပ်ငန်းများအား ယမန်နေ့နံနက်ပိုင်းက ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ရုံးမှ ဌာနကြီးမှူး ဗိုလ်မှူးချုပ်သန်းထွန်း (ပြည်ခရိုင်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ် ကြီးကြပ်မှု အဖွဲ့ခေါင်းဆောင်) သည် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်) ဒေသကွပ်ကဲရေးမှူးဗိုလ်ဗိုလ်မှူးချုပ် အောင်နိုင်ဦး၊ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင် နှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျောင်းကုန်းမြို့တွင် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ
Feb 04,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ညနေ ၃ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
နတ်မောက်မြို့ အခြေခံပညာအထက်တန်းကျောင်း အမှတ်(၃)တွင် လူငယ်စကားဝိုင်းကျင်းပ
Feb 04,2023
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် “လူငယ်စကားဝိုင်း” ကို ယမန်နေ့နံနက်(၁၀) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း အမှတ်(၃)ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ရွှေတောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမ၌  (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြိုကဗျာရွတ်ဆိုပြိုင်ပွဲနှင့် အသိပညာပေးဟောပြောပွဲကျင်းပ
Feb 04,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ပြိုင်ပွဲနှင့် အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရှမ်းပြည်နယ်(မူလ) မင်းကွန်းဇေတဝန်သာသနာမာရ်အောင် ကမ္မဌာန်းတိုက်များ၏(၅၇)ကြိမ်မြောက် မဟာသတိပဌာန်ဓမ္မသဘင်ညီ လာခံနှင့်လင်းခေး ကမ္မဌာန်းတိုက်၏ (၇၅) ပြည့် စိန်ရတုအထိမ်းအမှတ်တရားပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ
Feb 04,2023
ရှမ်းပြည်နယ် (မူလ)မင်းကွန်းဇေတဝန်သနာမာရ်အောင်ကမ္မဌာန်းတိုက်များ၏ (၅၇) ကြိမ်မြောက် မဟာသတိပဌာန်ဓမ္မသဘင်ညီလာခံနှင့် လင်းခေး ကမ္မဌာန်းတိုက်၏ (၇၅)နှစ်ပြည့် စိန်ရတုအထိမ်းအမှတ် တရားပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီက လင်းခေးမြို့ ကမ္မဌာန်းတိုက်အဝင် သစ်သားမုခ်ဦးကြီးနေရာ၌ ကျင်းပခဲ့ကြောင်း သိရသည်။