ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးစီးကျင်းပသော မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပ

ပဲခူး ဖေဖော်ဝါရီ 

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးစီးကျင်းပသော မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီ လ ၃ ရက် မွန်းလွဲ ၃ နာရီက ရွှေမော်ဓေါစေတီတော်မြတ်ကြီး၏ ယာဥ်ရပ်နားဝန်းစခန်း၌ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း တက်ရောက်ကြည့်ရှု အားပေးခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ပဲခူးတက္ကသိုလ်ပါမောက္ခချုပ် ဆရာမကြီးဒေါက်တာအေးအေးခိုင်တို့မှ     အဖွင့်အမှာစကားပြောကြား ခဲ့ပြီး မြန်မာစာဌာနပါမောက္ခ (ဌာနမှူး) ဒေါက်တာသဇင်သောင်းက ထမနဲထိုးပြိုင်ပွဲ ဖြစ်ပေါ်လာပုံအကြောင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မင်္ဂလာမောင်းတီး၍ ပြိုင်ပွဲအား ဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြိုင်ပွဲဝင်အသင်း လေးဆယ့်သုံးသင်းတို့၏ အားကြိုးမာန်တက် ပျော်ရွှင်စွာ ထမနဲထိုးယှဥ်ပြိုင်မှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ ကြသည်။

ယင်းနောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ နှစ်သိမ့်ဆုရရှိသော အသင်း (၃၃)အား တိုင်းဒေသကြီးညွှန်ကြားရေးမှူးများမှလည်း ကောင်း၊ အထူးဆုရရှိသူ (၇)အသင်းအား တိုင်းဒေသ ကြီး အစိုးရအဖွဲ့ဝန်ကြီးများမှလည်းကောင်း ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြသည်။ ထို့နောက် တတိယဆုရရှိသော ဟံသာဝတီရပ်ကွက်အသင်းအား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီးအောင်သောင်းထိုက်က လည်းကောင်း၊ ဒုတိယဆုရရှိသော လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန(က) အသင်းအား တိုင်းဒေသကြီး တရားလွှတ်တော် တရား သူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်က လည်းကောင်း၊ ပထမဆုရရှိသော ဘုရားကြီးမြို့အသင်းနှင့် အမှတ်ပေးဒိုင်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက  ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးစီးကျင်းပသော မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ တိုင်း/ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာအသင်းများ  ပဲခူးမြို့ပေါ်ရပ်ကွက်အသင်းများ စုစုပေါင်း (၄၃)သင်း ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)