ပင်လုံမြို့၌ (၁၇) ကြိမ်မြောက်ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်စိမ်လောင်းလှူပွဲကျင်းပ

ပင်လုံ ဖေဖော်ဝါရီ ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့တွင် တည်ထားကိုးကွယ်အပ်သော မဟာရဌာဘိသာမဂ္ဂီစေတီတော်မြတ်ကြီး၏ (၁၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ နံနက် (၉) နာရီ အချိန်က စတင်ကျင်းပခဲ့ပါသည်။

ရှေးဦးစွာ စေတီတော်ဩဝါဒစရိယ ဆရာတော်ကြီးများမှ ဗုဒ္ဓရုပ်ပွားတော်များအား အနေကဇာတင်ခြင်း၊ ရတနာမြတ်(၃)ပါးကန်တော့ပြီး ပင်လုံမြို့ မြို့မနောင်ကွတ် ပရိယတ္တိ စာသင်တိုက် ဘဒ္ဒန္တပညာဗလဆရာတော်ထံမှ (၉)ပါးသီလခံယူဆောက်တည်ခြင်း၊ စေ​တီတော်ဩဝါဒစရိယ ဆရာတော်ကြီးများနှင့် ဌာနဆိုင်ရာလူကြီးများမှ ဗုဒ္ဓရုပ်ပွားတော်အား ရွှေကြာသင်္ကန်းကပ်လှူခြင်း၊ သံဃာတော်အရှင်သူမြတ်တို့မှ ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္စျယ်ခြင်း၊ ပန်းတကာမှ နဝကမ္မအလှူငွေကပ်လှူခြင်း၊ အလှူရှင်များမှ အလှူစာခြင်းများ ကပ်လှူခြင်း၊ ပင်လုံမြို့ကောင်းမှုဂုဏ်ကျောင်းတိုက်၊ ဆရာတော်မှ အနုမောဒနာတရားချီးမြှင့်ခြင်း၊ ပင်လုံမြို့ အောင်မင်္ဂလာဝမ့်အဲန်ကျောင်းပရိယတ္တိစာသင်တိုက်ဆရာတော်မှ ရေစက်ချတရားချီးမြှင့်ခြင်း၊ ရတနာမြတ်(၃)ပါးအား ပြန်လည်ကန်တော့ပြီး ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ်ရွတ်ဆိုကာ အခမ်းအနားကိုရုတ်သိမ်းခဲ့ပါသည်။

ထို့နောက် ဆွမ်းဆန်စိမ်းလောင်းပွဲကို နေ့လည် (၁၂) နာရီအချိန်တွင် ခရိုင်အဆင့်၊ မြို့နယ်အဆင့်၊ မြို့အဆင့် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများမှ စေတနာသဒ္ဒါတရားထက်သန်စွာဖြင့် စည်းကားသိုက်မြိုက်စွာ လောင်းလှူခဲ့ ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)