ညောင်ဦး ဖေဖော်ဝါရီ ၅
မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ဝန်ထမ်းမိသားစုများ လပြည်နေ့တိုင်းအစဉ်အလာမပျက်အရုဏ်ဆွမ်းလောင်းလှူခြင်းကို ယမန်နေ့နံနက် ၇ နာရီအချိန်ကလောင်းလှူခဲ့ ကြောင်းသိရသည်။
ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးနန်းတင့်ဦးဆောင်ကာ အရုဏ်ဆွမ်း၊ ဆိတ်သားအာလူးချက်၊ အစိမ်းကြော်၊ ချဉ်ပေါင်ရွက်မျှစ်ကြော်တို့ကို ဇေယျဝတီစာသင်တိုက်ရှိ သံဃာတော်အရှင်သူမြတ်များနှင့်ကျန်စစ်သားဥမင်စာသင်တိုက်ရှိ ဆရာတော်အရှင်သူမြတ်တို့အား လပြည့်နေ့နံနက်တိုင်း အစဉ်လာမပျက်အရုဏ်ဆွမ်းလောင်း လှူခဲ့ရာ (၂၀) ကြိမ်မြောက်လောင်းလှူခဲ့ပြီဖြစ်ကြောင်း သံဃာအပါး (၈၀)တို့အား အစဉ်အလာမပျက်လောင်းလှူခဲ့ကြောင်းသိရသည်။
ဒီပါလင်း