ပန်းတောင်းမြို့နယ်တွင် အခြေခံပညာကျောင်းများသို့ အားကစားပညာပေးဟောပြောခြင်းနှင့် သရုပ်ပြခြင်းဆောင်ရွက်

ပန်းတောင်း ဖေဖော်ဝါရီ ၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် အခြေခံပညာကျောင်းများသို့ အားကစားပညာပေးဟောပြောခြင်းနှင့် သရုပ်ပြခြင်းကို ယမန်နေ့ နံနက်ပိုင်းက အ.ထ.က ဥသျှစ်ပင်ကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်အားကစားမှူး ဒေါ်စောမာလာက ကျောင်းသား၊ ကျောင်းသူများကို အားကစားနှင့်ပတ်သတ်သော အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ပြီး လက်တွေ့အားကစားနည်းများကို လေ့ကျင့်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများကို အတန်းလိုက် အားကစားသရုပ်ပြခြင်းလုပ်ငန်းများ ဆောင်ရွက်၍ အားကစားမှူး ဒေါ်စောမာလာမှ တာဝန်ခံကျောင်းအုပ်ဆရာကြီး ဦးဇော်ခင်ထံသို့ အားကစားပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။

သင်းသင်းအေး (ပြန်/ ဆက်)