(၇၆)နှစ်​မြောက် ပြည်​ထောင်စု​နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ရွှေဘို ​ဖေ​ဖော်ဝါရီ ၆

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ​ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် (၇၆)နှစ်မြောက် ပြည်​ထောင်စု​နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၁၀နာရီအချိန်က အမှတ်(၂) အ​​ခြေခံပညာအထက်တန်းကျောင်း​ရွှေရတုခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲတွင်အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပြည်​ထောင်စုနှင့် အမျိုးသားတာဝန် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့်တွင် ပြည်​ထောင်စု​နေ့ဒို့မ​မေ့ ခေါင်းစဉ်ဖြင့်လည်းကောင်း ရွှေဘိုမြို့နယ် ကျောင်းပေါင်းစုံမှ အထက်တန်း၊ အလယ်တန်းအဆင့် ကျောင်းသား/သူပေါင်း (၃၆)ဉီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါပြိုင်ပွဲသို့ ခရိုင်/မြို့နယ်ပညာ​ရေးမှူး၊ အထက်တန်း​ကျောင်းအုပ်ကြီးများ ဆရာ၊ ဆရာမများက ပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသား/သူများအား ကြည့်ရူ့အားပေးခဲ့ပြီး ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ၂၀၂၃ခုနှစ် ​ဖေဖော်ဝါရီလ ၁၂ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်​ထောင်စု​နေ့အခမ်းအနားတွင် ဆုများ ချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

ခရိုင်ပြန်/ဆက်